မက်ဆီ ကို ပီအက်စ်ဂျီ ခေါ်မှာ စည်းမျဉ်းနဲ့ မညီဘူးလို့ တားဆီးကန့်ကွက်ဖို့ ဘာစီလိုနာ ကြိုးစား

ဘာစီလိုနာ အသင်းဟာ ပီအက်စ်ဂျီအသင်း အနေနဲ့ ဘဏ္ဍာရေးဆိုင်ရာမျှခြေစည်းမျဉ်း(FFP)ကြောင့် အသင်းခေါင်းဆောင်ဟောင်း မက်ဆီကို ခေါ်ယူလို့မရနိုင်ကြောင်း စွပ်စွဲလိုက်ပါတယ်။

ဘာစီလိုနာ အသင်းရဲ့ ရှေ့နေတွေက ပီအက်စ်ဂျီအနေနဲ့ FFP ကြောင့် မက်ဆီကို ခေါ်ယူရေးကြိုးစားမှု အဆုံးသတ်သင့်တယ်ဆိုပြီး ဥရောပအယူခံကြားနာရေးတရားရုံးထံ ဖိုင်တင်သွင်းရင်း တားဆီးခဲ့တာပါ။

မက်ဆီဟာ ယမန်နေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ တစ်ဘဝလုံးကစားလာတဲ့ ဘာစီလိုနာကနေ ထွက်ခွာလာပြီလို့ အတည်ပြုခဲ့ပြီး ယခုအခါ ပီအက်စ်ဂျီကို ရောက်ဖို့ အလွန်နီးစပ်နေပါတယ်။ ဒါပေမဲ့ ဘာစီလိုနာကတော့ သူတို့ရဲ့အကြီးကျယ်ဆုံးကစားသမားကို တခြား ဥရောပပြိုင်ဘက်အသင်းတစ်သင်းထံ မရောက်ရှိစေလိုဘဲ ပီအက်စ်ဂျီနဲ့ မက်ဆီတို့ရဲ့အပြောင်းအရွှေ့ကို တားဆီးဖို့ ကြိုးစားလာပါတယ်။

” မက်ဆီကို ပီအက်စ်ဂျီအသင်း ခေါ်ယူမှုကနေ တားဆီးဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ FFP အတွက် ပီအက်စ်ဂျီရဲ့အချိုးက ဘာစီလိုနာထက်တောင် ပိုဆိုးနေပါတယ်။ ၂၀၁၉-၂၀ ရာသီမှာ ပီအက်စ်ဂျီရဲ့ လစာပေးချေမှုနဲ့ ဝင်ငွေအချိုးက ၉၉%ရှိပြီး ဘာစီလိုနာကတော့ ၅၄ %ပဲရှိပါတယ်” လို့ စပိန်ရှေ့နေ ဟွမ်ဖဘရန်ကိုက ပြောပါတယ်။

ZG

ဘာစီလိုနာ အသင္းဟာ ပီအက္စ္ဂ်ီအသင္း အေနနဲ႔ ဘ႑ာေရးဆိုင္ရာမွ်ေျခစည္းမ်ဥ္း(FFP)ေၾကာင့္ အသင္းေခါင္းေဆာင္ေဟာင္း မက္ဆီကို ေခၚယူလို႔မရႏိုင္ေၾကာင္း စြပ္စြဲလိုက္ပါတယ္။

ဘာစီလိုနာ အသင္းရဲ႕ ေရွ႕ေနေတြက ပီအက္စ္ဂ်ီအေနနဲ႔ FFP ေၾကာင့္ မက္ဆီကို ေခၚယူေရးႀကိဳးစားမႈ အဆုံးသတ္သင့္တယ္ဆိုၿပီး ဥေရာပအယူခံၾကားနာေရးတရား႐ုံးထံ ဖိုင္တင္သြင္းရင္း တားဆီးခဲ့တာပါ။

မက္ဆီဟာ ယမန္ေန႔က ျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာ တစ္ဘဝလုံးကစားလာတဲ့ ဘာစီလိုနာကေန ထြက္ခြာလာၿပီလို႔ အတည္ျပဳခဲ့ၿပီး ယခုအခါ ပီအက္စ္ဂ်ီကို ေရာက္ဖို႔ အလြန္နီးစပ္ေနပါတယ္။ ဒါေပမဲ့ ဘာစီလိုနာကေတာ့ သူတို႔ရဲ႕အႀကီးက်ယ္ဆုံးကစားသမားကို တျခား ဥေရာပၿပိဳင္ဘက္အသင္းတစ္သင္းထံ မေရာက္ရွိေစလိုဘဲ ပီအက္စ္ဂ်ီနဲ႔ မက္ဆီတို႔ရဲ႕အေျပာင္းအေ႐ႊ႕ကို တားဆီးဖို႔ ႀကိဳးစားလာပါတယ္။

” မက္ဆီကို ပီအက္စ္ဂ်ီအသင္း ေခၚယူမႈကေန တားဆီးဖို႔ ကြၽန္ေတာ္တို႔ ႀကိဳးစားေနပါတယ္။ FFP အတြက္ ပီအက္စ္ဂ်ီရဲ႕အခ်ိဳးက ဘာစီလိုနာထက္ေတာင္ ပိုဆိုးေနပါတယ္။ ၂၀၁၉-၂၀ ရာသီမွာ ပီအက္စ္ဂ်ီရဲ႕ လစာေပးေခ်မႈနဲ႔ ဝင္ေငြအခ်ိဳးက ၉၉%ရွိၿပီး ဘာစီလိုနာကေတာ့ ၅၄ %ပဲရွိပါတယ္” လို႔ စပိန္ေရွ႕ေန ဟြမ္ဖဘရန္ကိုက ေျပာပါတယ္။