ကင်မရွန်း လက်ရွေးစင်အသင်း ကနေ နားပြီးမှ ပြန် ရွေးချယ်ခံရတဲ့ ဂိုးသမား အိုနာနာ ဝင်ကစားမှာလား

မန်ချက်စတာယူနိုက်တက် ပွဲထွက် ဂိုးသမား အင်ဒရေ အိုနာနာဟာ ကင်မရွန်းအသင်းရဲ့ အာဖရိဖလားခြေစစ်ပွဲ နောက်ဆုံးပွဲ အတွက် ရွေးချယ်ခြင်းခံလာရပါတယ်။

အိုနာနာဟာ ကာတာတွင် ကျင်းပခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် ကင်မရွန်းလက်ရွေးစင် ကစားသမားဘဝမှ အနားယူခဲ့သူလည်း ဖြစ်ပါတယ်။

အသက် ၂၇ နှစ်ရှိ အိုနာနာဟာ ယခုနွေရာသီတွင် အင်တာမီလန်မှ မန်ချက်စတာ ယူနိုက်တက်သို့ ရောက်လာပြီး နောက် နံပါတ်တစ် ဂိုးသမားအဖြစ် ကစားနေသူလည်း ဖြစ်ပါတယ်။

သူဟာ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက စည်းကမ်းချိုးဖောက်မှုကြောင့် ကင်မရွန်းအသင်းမှ ထွက်ခွာခဲ့ရပြီးနောက် ကစားသမားဘဝမှ အနားယူခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ သူဟာ ကင်မရွန်းအသင်းတွင် ရွေးချယ်ခြင်းခံလာရမှုနှင့်အတူ စက်တင်ဘာလ ၁၂ ရက်နေ့တွင် အိုင်ဗရီကို့စ် အာဖရိကဖလားပြိုင်ပွဲခြေစစ်ပွဲအတွက် အရေးအပါဆုံးပွဲမှာ ကစားဖို့ ရွေးချယ်ခြင်းခံလာရပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ အိုနာနာဘက်ကတော့ ကင်မရွန်းအတွက် ပြန်ကစားရေးနှင့်ပတ်သက်ပြီး တစုံတရာ တုံ့ပြန်ခြင်း မရှိသေးပါဘူး။