ဒီတပတ် မန်ယူက အာဆင်နယ် ကို ရှုံးမယ် လို့ ဂိုးရလဒ်နဲ့ တကွ ကြိုတင် ဟောကိန်းထုတ်လာတဲ့ ဘီဘီစီမှ ဆက်တန်

မန်ချက်စတာ ယူနိုက်တက် ဟာ ဒီတပတ် ပရီးမီးယားလိဂ် မှာ အာဆင်နယ်နဲ့ ကန်ရမှာ ဖြစ်ပြီး အဝေးကွင်း အမ်းမရိတ်မှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဒီနှစ်သင်းဟာ စက်တင်ဘာလ ၃ ရက်၊ လာမယ့် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည ၁ဝ နာရီ အချိန်မှာ ယှဉ်ပြိုင် ကစားကြမှာပါ။

ဘောလုံးပွဲတွေ သုံးသပ်နေကြ ဆရာကြီး ဖြစ်တဲ့ ဘီဘီစီ သတင်းဌာနမှ ခရစ်ဆက်တန်က အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” အာဆင်နယ်က ၉ မှတ်မှာ ၇ မှတ်၊ မန်ချက်စတာ ယူနိုက်တက်က ၉ မှတ်မှာ ၆ မှတ် ရနေကြပေမယ့် စွမ်းဆောင်ရည် အရတော့ နှစ်သင်းလုံးက အဲ့လောက်ထိ မကောင်းပါဘူး။

အာတီတာရဲ့ အတွေးအရမ်းများမှုက မေးခွန်းထုတ်စရာဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်ကလည်း သိပ် မကောင်းလှပါဘူး။ သူတို့ ဖောရက်စ်ကို အနိုင်ရသွားတာကလည်း ပေးသင့်ရဲ့လား မသေချာတဲ့ ပင်နယ်တီကနေ ဖြစ်ပါတယ်။

အမ်းမရိတ်ကွင်းမှာ ကစားရမှာမို့ အာဆင်နယ်က သူတို့ရဲ့ ဘောလုံးရာသီကို အကောင်းဆုံး စတင်နိုင်ဖို့ ကြိုးစားမှာပါ။ အာဆင်နယ်က မန်ချက်စတာ ယူနိုက်တက်ကို အနိုင်ရမယ်လို့ ထင်ပေမယ့် လွယ်ကူတဲ့ နိုင်ပွဲ ဖြစ်လာမှာ မဟုတ်ပါဘူး။ ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။

ခရစ်ဆက်တန်ရဲ့ ခန့်မှန်းရလဒ် ကတော့ အာဆင်နယ် ၂-၁ မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။