အာကြီးက စီးတီးကို ၄၃ ကွက်၊ ဖူလ်ဟမ်နဲ့ ၃၆ ကွက် ဗျူဟာခင်းခဲ့တာလို့ တန်ဟက်ကို လှန့်လိုက်တဲ့ အာတီတာ

အာဆင်နယ် နည်းပြ အာတီတာကတော့ ဒီအပတ် မန်ယူနဲ့ ပွဲမတိုင်ခင်မှာ သူ့ ကစားကွက်တွေကို ထုတ်ပြောရင်း မန်ယူ နည်းပြ တန်ဟက်ကို အာရုံများအောင် ပြုလုပ်လိုက်ပါတယ်။

အာတီတာက သူတို့ အသင်းဟာ မန်စီးတီးနှင့် ကွန်မြူနတီဒိုင်းပွဲစဉ်တွင် ကစားကွက်ပေါင်း ၄၃ အမျိုး အထိ အသုံးပြုခဲ့ပြောကြားလာပါတယ်။

အာဆင်နယ်ဟာ ဩဂုတ်လတုန်းက ရာသီအဖွင့်ပွဲအဖြစ် မန်စီးတီးနှင့် ကွန်မြူနတီဒိုင်းပွဲ ကစားခဲ့ရာ ပွဲချိန်အတွင်း ၁ ဂိုးစီ သရေကျပြီးနောက် ပင်နယ်တီအဆုံးအဖြတ်တွင် ၄-၁ ဖြင့် အနိုင်ရရှိခဲ့ပါတယ်။

အာတီတာဟာ ယင်းပွဲစဉ်တွင် ကစားကွက်ပေါင်းများစွာ အသုံးပြုခဲ့ပြီး လူစားဝင်ရောက်လာတဲ့ ထရိုဆတ်ရဲ့ နောက်ကျ ဂိုးကြောင့် ချေပဂိုးရရှိခဲ့တာလည်း ဖြစ်ပါတယ်။

သူဟာ ပြီးခဲ့တဲ့အပတ်တုန်းက ဖူလ်ဟမ်နှင့်ပွဲတွင်လည်း အပြောင်းအလဲတချို့ ပြုလုပ်ရန် ကြိုးပမ်းခဲ့ပေမဲ့လည်း တကိုယ်တော် အမှားများကြောင့် ၂-၂ ဂိုးစီသရေကျခဲ့ပါတယ်။

အာတီတာက “နောက်ဆုံးပွဲဖြစ်တဲ့ ဖူလ်ဟမ်နဲ့ပွဲမှာ ကစားကွက် ၃၆ မျိုးသုံးခဲ့တယ်။ မန်စီးတီးနှင့်ကွန်မြူနတီဒိုင်းပွဲဆို ၄၃ မျိုး သုံးခဲ့တယ်။ ပွဲတိုင်းမှာ ကစားတဲ့ စနစ်တွေ အများကြီး ရှိတယ်။ ကွဲပြားတဲ့အခြေအနေတွေမှာ ကွဲပြားတဲ့စနစ်တွေကို သုံးရတယ်။

နံနက်တိုင်း အိမ်ကနေ လန်ဒန်ကိုလ်နေးကို ကားမောင်းသွားတယ်။ တခါတလေ လေကာမှန်က ခဲနေတော့ ခြောက်နာရီလောက် သွားရတတ်တယ်။ ပုံမှန်ဆိုရင် Finchley Road သို့ သွားတယ်။ ပြီးရင် A21 လမ်းကို မောင်းတယ်။

ဒါပေမဲ့ တခါတလေ Finchley Road မှာ တစ်နာရီ မိုင် ၂၀ နှုန်းနဲ့ မောင်းတယ်ဆိုရင် M25 လမ်းကို ပြန်မောင်းတယ်။ ကျောင်းတက်ရတဲ့နေ့ဆိုရင် ကလေးတွေကို ကျောင်းပို့ရသေးတယ်။ ဒီတော့ လမ်းကြောင်း မတူနိုင်ဘူး။

နေ့တိုင်း နေ့တိုင်း ဇာတ်လမ်းကွဲတယ်။ ပွဲတိုင်းမှာ ကွဲပြားတဲ့ လိုအပ်ချက်ရှိတာကြောင့် ကွဲပြားတဲ့ ဆုံးဖြတ်ချက် ချရတယ်။ အလှပဆုံးအရာကတော့ ကျွန်တော်ကိုယ်တိုင်ကလည်း စနစ်တွေ အများကြီးသုံးရတာ ကြိုက်တယ်”လို့ ပြောကြား သွားခဲ့တာ ဖြစ်ပါတယ်။

တန်ဟက် ကတော့ အာဆင်နယ်နဲ့ ပွဲမှာ သရဲနီ တိုက်စစ်မှုးသစ် ဟွိုင်လန်းကို ပွဲထုတ်လာဖို့ ရှိကြောင်း အသိပေးစကား ဆိုထားပါတယ်။