ဒီည အမ်းမရိတ်မှာ မန်ယူကို အနိုင်ကန်ပစ်မယ် လို့ ပွဲကြိုစိန်ခေါ်လာတဲ့ အာဆင်နယ် အသင်းသားများ
ဒီနေ့ တနင်္ဂနွေညမှာတော့ အမ်းမရိတ်ကွင်းမှာ အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ပရီးမီးယားလိဂ် ပွဲ ထိပ်တိုက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
စက်တင်ဘာလ နိုင်ငံတကာ သီတင်းပတ်အတွင်း ဝင်ရောက်တော့မယ့် အချိန်မှာ မန်စီးတီးနဲ့ အမှတ် ပို မပြတ်သွာေးအောင် ဒီပွဲ အနိုင်ရဖို့ နှစ်သင်းလုံးက စိတ်အားထက်သန်နေပါတယ်။
အာဆင်နယ် ကစားသမားတွေ ဖြစ်တဲ့ မာတင်နယ်လီနဲ့ ဗီအဲရာ ကတော့ ဒီည မန်ချက်စတာ ယူနိုက်တက်နဲ့ ပွဲ အနိုင်ကန်မှာ ဖြစ်ကြောင်း ပွဲကြို စိန်ခေါ် လာပါတယ်။

ဘရာဇီး ကွင်းလယ်တိုက်စစ်သမား မာတင်နယ်လီက “ ဒီပွဲက ခက်ခဲတဲ့ပွဲဖြစ်မှာပါ၊ ကျနော်တို့ကလည်း ဒီလို ပွဲခက်ခက်တွေကိုပဲ မျှော်လင့်နေတာပါ၊ ဒီပွဲအတွက် အဆင်သင့်ပါပဲ။ ကျနော်တို့ ကြိုးစားပြီး အစွမ်းကုန် အားထုတ် သွားမယ်၊ ကိုယ်ကွင်း ကိုယ့်ပရိသတ်ရှေ့မှာ အနိုင်ရအောင် ကြိုးစားမယ်။
ဘရာဇီး ကစားသမားချင်း ယှဉ်ပြိုင်ရမှာကလည်း သိပ်ကောင်းပါတယ်။ အန်တိုနီကို ကံကောင်းပါစေ ဆုတောင်း ပေးပါတယ် ဒါပေမယ့် ဒီပွဲကိုတော့ ကျနော်တို့ပဲ နိုင်လိုပါတယ် ” လို့ ပွဲကြိုမှာ စကား ဆိုလာခဲ့တယ်။
ဗီအဲရာကည်း “ ဒါက ကြီးကျယ်တဲ့ ပြိုင်ဘက်တွေ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပါတယ်။ နှစ်သင်းလုံးက ထိပ်သီး အသင်းတွေဖြစ်ပါတယ်။ ကိုယ့်ရဲ့ အိမ်ကွင်း ပရိသတ်တွေရှေ့မှာ ကစားရမှာမို့ ကျနော်တို့ နိုင်ချင်ပါတယ်။
မန်ယူနိုက်တက်မှာ အရည်အချင်းရှိသလို ကျနော်တို့မှာလည်း ရှိပါတယ်။ ကျနော်တို့ရဲ့ အိမ်ကွင်းမှာ ကစားမှာဆိုတော့ အနိုင် ၃ မှတ်ရဖို့ လိုပါတယ် ” ဆိုပြီး ပြောဆိုပါတယ်။