ထရိန်နင်မှာ မဟန်လို့ ချန်ခဲ့တာ ပြောလာတဲ့ တန်ဟက်အား လူမှုကွန်ယက်ကနေ ပေါ်တင်ချဲလိုက်တဲ့ ဆန်ချို

မန်ယူ တိုက်စစ်သမား ဂျေဆန် ဆန်ချိုဟာ အာဆင်နယ်ရှုံးပွဲတွင် ချန်လှပ်ခံခဲ့ရပြီးနောက် မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ်တန်ဟက်အား လူမှုကွန်ယက်ကနေ ပေါ်တင်ပဲ ချဲလာပြီ ပါတယ်။

အင်္ဂလန် တောင်ပံကစားသမားဟာ အမ်းမရိတ်တွင် အာဆင်နယ်ကို ၃-၁ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲမှာ ယူနိုက်တက်လူစာရင်းမှ ချန်လှပ်ခံခဲ့ရပါတယ်။

အင်တာဗျူမှာတော့ နည်းပြ အဲရစ်တန်ဟက်က ဆန်ချိုရဲ့ လေ့ကျင့်ရေးကွင်း စွမ်းဆောင်ရည်မှန် ကျဆင်းနေမှုကြောင့် ချန်လှပ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသွားပါတယ်။ ဒါကို ဆန်ချိုက လူသိရှင်ကြား ပြန်လည် ငြင်းဆန်လာခဲ့တာပါ။

ဆန်ချိုက “လုံးဝ မမှန်ကန်တဲ့ ကိစ္စကို လူတွေ ပြောခွင့်မပေးနိုင်ပါဘူး။ ဒီအပတ်မှာ ကျွန်တော်ဟာ လေ့ကျင့်ခန်း အစီအစဉ်မှာ အကောင်းဆုံးလုပ်ခဲ့ပါတယ်။ ကျွန်တော်မပါရတာ အခြား အကြောင်းရင်းတွေ ရှိပါလိမ့်မယ်။

ကျွန်တော်ဟာ မမျှမတ ခုတုံးလုပ်ခံရတာ ကြာပါပြီ။ ဘောလုံးကို အပြုံးမျက်နှာနှင့်ပဲ ကစားပြီး အသင်းအတွက် လုပ်ပေးချင်တယ်။ နည်းပြဆုံးဖြတ်ချက်တိုင်းကို လေးစားပါတယ်။ ကျွန်တော်ဟာ စိတ်လှုပ်ရှားဖို့ ကောင်းတဲ့က စားသမားတွေနဲ့အတူ ကစားနေရတာပါ။

အပတ်စဉ် အပတ်တိုင်း စိန်ခေါ်မှု ရှိနေတာလည်း သိပါတယ်။ ဘာပဲ ဖြစ်ဖြစ် ဒီအသင်းအတွက် ဆက်ပြီးတော့ တိုက်ပွဲဝင်သွားပါမယ်”လို့ အင်စတာဂရမ်ကနေ ပြန် တုန့်ပြန် ရေသား သွားပါတယ်။

အသက် ၂၃ နှစ်ရှိ ဆန်ချိုဟာ ၂၀၂၁ ခုနှစ်တွင် ဒေါ့မွန်မှ ပေါင် ၇၃ သန်းဖြင့် ပြောင်းလာပြီးနောက် ယူနိုက်တက်တွင် ရုန်းကန်နေရသူ ဖြစ်ပါတယ်။ သူဟာ ယူနိုက်တက်အတွက် ၈၂ ပွဲကစားရာမှာ ၁၂ ဂိုးတည်းသာ သွင်းထားနိုင်ပါတယ်။