မန်ယူကို အကျောပေးပြီးမှ Come Back နဲ့ နိုင်တာ အားရတယ် လုပ်နေတဲ့ အာဆင်နယ် ကပ္ပတိန် အိုဒီဂတ်
မနေ့က မန်ချက်စတာ ယူနိုက်တက်ကို အာဆင်နယ်ရဲ့ ဒရမ်မာဆန်တဲ့ Come Back နိုင်ပွဲကို မြင်တွေ့ရတဲ့အတွက် အာဆင်နယ် မာတင် အိုဒီဂတ် တစ်ယောက် ကျေနပ် အားရနေခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်က ယူနိုက်တက်အတွက် ဦးဆောင်ဂိုးသွင်းပြီး တစ်မိနစ်အတွင်း အာဆင်နယ်အသင်းခေါင်းဆောင်ဟာ ချေပဂိုး ပြန်လည်သွင်းယူပေးခဲ့တာပါ။
အဲ့ဒီ့နောက် ရိုက်စ်နဲ့ ဂျေးဆုဟာ နာကျင်အချိန်ပိုမှာ တစ်ဂိုးစီ သွင်းယူခဲ့ပြီး ဂန်းနားတွေအတွက် ပြဇာတ်ဆန်တဲ့ နိုင်ပွဲ ရရှိစေခဲ့တာ ဖြစ်ပါတယ်။

အိုဒီဂတ်က ” အိမ်ကွင်းမှာ ကစားရတာ ကြိုက်တယ်၊ အားပေးမှု အံ့မခန်းဘဲ၊ နောက်ကနေ ပြန်လိုက် ကစား Come Back နိုင်ပွဲ ရတာ ပိုပြီး ရင်ခုန်တယ်။ ကမ္ဘာပေါ်မှာ အကောင်းဆုံး ဖီလင်ပါပဲ။
ဒီခံစားချက်အတွက်ပဲ ဘောလုံးကစားတာပါ။ ကျနော်တို့ကို အားပေးတဲ့ ပရိသတ်တွေကို နိုင်ပွဲ ပြန်ပေးနိုင်တဲ့ ဖီလင်က သိပ်ကောင်းတာပါပဲ ”
“ရူးလောက်စရာပါပဲ။ ဘာတွေဖြစ်သွားလဲမသိပေမယ့် ဂျေးဆုက အဆုံးသတ်မှာ ကောင်းကောင်းလုပ်ခဲ့ပြီး ဂိုးသွင်းနိုင်ခဲ့သလို ကျွန်တော်တို့ နိုင်ပွဲရခဲ့တယ်။
အခု ပွဲတွေအားလုံးက ဒီလိုပဲ။ မိနစ် ၁၀၀၊ ၁၀၅ မိနစ်၊ ၁၁၀ မိနစ်အထိ ကစားဖို့ ပြင်ထားရမယ်။ ကျွန်တော်တို့ ကောင်းကောင်းလုပ်နိုင်ခဲ့တယ်။ နိုင်ပွဲရတဲ့အတွက် အရမ်းကျေနပ်ပါတယ်”လို့ ပြောကြားခဲ့တာပါ။
မန်ယူနည်းပြ တန်ဟက်ကတော့ ပွဲပြီးခါနီးမှာ ဂါနာချို သွင်းဂိုးကို မပေးခဲ့တာက ပွဲ အလှည့်အပြောင်း ဖြစ်သွားစေခဲ့တယ် လို့ ယူဆနေပြီး ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်တွေအား စိတ်ပျက်နေပါတယ်။