ဘစ်ဆာကာ စာချုပ်သစ်၊ ချန်ပီယံလိဂ် လူစာရင်းက ဖယ်ခံရသူ၊ အသင်း ရှယ်ယာဈေး ထိုးကျသွားခြင်းနဲ့ နောက်ဆုံး မန်ယူ ထူးခြား သတင်းများ
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အသင်းနောက်ခံအစွန်လူ ဝမ်ဘစ်ဆာကာ ကို ယခုထက် ပိုမိုကောင်းမွန်တဲ့ လစာ အကျိုးခံစားခွင့်တွေ ပါဝင်တဲ့ စာချုပ်သစ်နဲ့ သက်တမ်းတိုး ချုပ်ဆိုဖို့ ပြင်ဆင်နေပါတယ်။
မန်ယူအသင်းရဲ့ ယခုတစ်ခေါက် ထုတ်ပြန်လိုက်တဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲဝင် ကစားသမား ၂၅ ဦးစာရင်းထဲ ကွင်းလယ် ကစားသမား ဗန်ဒီဘိခ် ပါဝင်လာခြင်း မရှိပါဘူး။

မန်ချက်စတာ ယူနိုက်တက် ဟာ ပြီးခဲ့တဲ့ ဈေးကွက်တွေ အတွင်း အသင်းအတွက် အကျိုးမဖြစ်ထွန်းစေတဲ့ ခေါ်ယူမှုတွေအတွက် ပေါင် သန်း ၄၀၀ ကျော်အထိ အသုံးပြုခဲ့ကြောင်း စစ်တမ်းတွေအရ သိရပါတယ်။
ရည်စားဟောင်းကို အိမ်တွင်းအကြမ်းဖက်ခဲ့တာကြောင့် တရားရင်ဆိုင်ရမယ့် မန်ယူအသင်းရဲ့ တောင်ပံကစားသမား အန်တိုနီဟာ လက်တလောမှာတော့ လက်ရှိ အတူနေချစ်သူကိုပါ ခတ္တ လမ်းခွဲထားရကြောင်း သိရပါတယ်။
အသင်းကို ရောင်းချမှာ မဟုတ်ကြောင်း သတင်းထွက်ပေါ်လာခဲ့ပြီးနောက် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ စတော့ရှယ်ယာ တန်ဖိုးတွေက သန်း ၆၀၀ ဒါမှမဟုတ် ၁၆ ရာခိုင်နှုန်း လောက်အထိ တဟုန်ထိုး ကျဆင်းလာခဲ့ပါတယ်။
မန်ယူအသင်း နောက်ခံလူ အဲရစ် ဘိုင်လီတစ်ယောက် တူရကီကလပ် ဘီဆစ်တက်စ် အသင်းထံ အပြီးသတ် ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းက ပြောင်းရွှေ့ကြေး ပေါင် သန်း ၃၀ အထိ ပေးချေခေါ်ယူခဲ့ရတဲ့ ဘိုင်လီ ကို ယူနိုက်တက်တို့အနေနဲ့ လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ နောက်ပိုင်းကတည်းက အဓိက ပြိုင်ပွဲကြီးတွေမှာ တစ်ကြိမ်မှ ပွဲထွက်ခွင့် မပေးတော့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီတုန်းကလည်း မာဆေးလ် အသင်းထံ အငှားထွက်ခဲ့ရဖူးပါတယ်။
ရှိတ်ဂျာဆင်နဲ့ ဂျင်ရက်ကလစ်ဖ်တို့ဟာ မန်ချက်စတာယူနိုက်တက်ကို ဝယ်ယူရန်စိတ်ဝင်စားနေဆဲဖြစ်ပြီး ဆွေးနွေး ညှိနှိုင်းမှုများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။