အန်တိုနီ အကြောင်းပြုပြီး တန်ဟက်ရဲ့ ဗျူဟာတွေ အာဆင်နယ်နဲ့ ပွဲမှာ ကျရှုံးခဲ့ကြောင်း ထွက်ပေါ်လာ
ဒီအပတ်ထဲ ထွက်လာတဲ့ ဗီဒီယိုဖိုင်တစ်ခုအရ အာဆင်နယ်နှင့်ပွဲစဉ်တုန်းက အဲရစ်တန်ဟက်ရဲ့ Game Plan ဘာလို့ ကျရှုံးခဲ့ရသလဲ ဆိုတာ ထွက်ပေါ်လာခဲ့ပါတယ်။
အကြောင်းကတော့ ဘယ် မန်ချက်စတာ ယူနိုက်တက်က စားသမားကမှ အန်တိုနီအား ဘောလုံးပေးပို့ခြင်း မရှိမှုကြောင့် ဖြစ်ကြောင်း အငြင်းပွားဖွယ်ရာ တွေ့ရပါတယ်။
ယူနိုက်တက်ဟာ တနင်္ဂနွေနေ့တုန်းက အာဆင်နယ်နှင့်ပွဲတွင် မားကပ်စ်ရက်ဖို့ဒ်ရဲ့ ဂိုးဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပြီးမှ ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ နာကျင်အချိန်ပိုဂိုးများကြောင့် ရှုံးနိမ့်သွားခဲ့တာလည်း ဖြစ်ပါတယ်။

ထို ပွဲစဉ်တွင် ယူနိုက်တက်ဟာ ဘောလုံးပိုင်ဆိုင်မှု ရရှိပေမဲ့လည်း အခွင့်အရေးဖန်တီးမှုပိုင်း အားနည်း ခဲ့ပါတယ်။ အာဆင်နယ်ကတော့ ဖန်တီးမှုပိုင်း အားသာခဲ့ပါတယ်။
ယခုထွက်ပေါ်လာတဲ့ ဗီဒီယိုဖိုင်အရ ယူနိုက်တက်ဟာ ညာတောင်ပံတွင် အန်တိုနီ တစ်ယောက် လွတ်လွတ်ကျွတ်ကျွတ် ရှိနေချိန်မှာတောင် ဘောလုံးပေးပို့မှု မပြုလုပ်ရာ ထိရောက်တဲ့ တိုက်စစ်ဆင်မှု မပြုလုပ်နိုင်ခဲ့တာ ဖြစ်ကြောင်း တွေ့ရပါတယ်။
ဘီဘီစီရဲ့ MOTD 2 တွင် ပြသလာတဲ့ ဗီဒီယိုဖိုင်အရ ယူနိုက်တက်နောက်ခံလူများဟာ အန်တိုနီမှာ တောင်ပံတွင် လွတ်လပ်စွာ ရှိနေပေမဲ့လည်း ဘောလုံးမပေးခဲ့ကြောင်း တွေ့ရပါတယ်။
တဖက်တွင် အာဆင်နယ်ဟာ ယူနိုက်တက်နောက်ခံလူများဖြစ်ကြတဲ့ လင်ဒီလော့ဖ်နှင့် မာတီနက်ဇ်တို့ကို High Press လုပ်ခဲ့ကြရာ ဂိုးသမားအိုနာနာထံ နောက်သို့ ဘောလုံးပြန်ပေးမှုများ ပြုလုပ်ခဲ့ရပါတယ်။
ယင်းကဲ့သို့ ယူနိုက်တက်ရဲ့ ညာခြမ်းမှ နေရာလွတ်ကို အသုံးမချမှုနှင့်အတူ အာဆင်နယ်မှာ ယူနိုက်တက်ကို ကြီးကျယ်တဲ့နိုင်ပွဲ တစ်ပွဲ ရယူနိုင်ခဲ့ပါတယ်။
တဖက်တွင် အန်တိုနီဟာ ရည်းစားဟောင်းဖြစ်သူအား ဒဏ်ရာအနာတရဖြစ်အောင် တိုက်ခိုက်မှုကြောင့် စုံစမ်းစစ်ဆေးမှု ခံနေရပြီး ယူနိုက်တက်မှာ အနာဂတ်မရေမရာ ဖြစ်နေပါတယ်။