ပြန်လွှတ်လိုက်ရတဲ့ အမ်မရာဘတ်ရဲ့ ဒဏ်ရာ အခြေအနေ ဘယ်လိုရှိသလဲ မော်ရိုကို နည်းပြ ဖော်ထုတ်

ကွင်းလယ် ကစားသမား အမ်မရာဘတ်ဟာ ယခုနွေရာသီတွင် ဖီအိုရင်တီးနားအသင်းမှ မန်ချက်စတာ ယူနိုက်တက်သို့ အငှားဖြင့်ရောက်ရှိသူပါ။ အမ်မရာဘတ် ရောက်လာတုန်းက ဆေးစစ်မှုတွင် နောက်ကျောဒဏ်ရာကို မြင်တွေ့ ခဲ့ရသော်လည်း ယူနိုက်တက်က ခေါ်ယူမှုကို ဆက်လုပ်ဖြစ်ခဲ့ပါတယ်။

အဲဒီနောက် အမ်မရာဘတ်ဟာ ဒီလထဲ နိုင်ငံတကာ သီတင်းပတ်မှာ မော်ရိုကိုအသင်းနဲ့ သွားရောက် ပူးပေါင်းခဲ့သေးပြီး ဒဏ်ရာကြောင့် ပြန်လာခဲ့ပါတယ်။

အမ်မရာဘတ်ဟာ ယခုရက်သတ္တပတ်အစောပိုင်းမှာ လက်ရွေးစင်အသင်းမှ နှုတ်ထွက်ခဲ့ပြီး ဒဏ်ရာအခြေအနေကို ဆက်လက်စစ်ဆေးရန်အတွက် ကာရင်တန်သို့ ပြန်လာမှာဖြစ်ကြောင်း ယူနိုက်တက်က အတည်ပြုခဲ့ပါတယ်။

အမ်မရာဘတ်ရဲ့အခြေအနေကို ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် လက်ရွေးစင်အသင်းနည်းပြ ရက်ဂရာဂူကတော့ သူ့ရဲ့နှုတ်ထွက်မှုဟာ ဒဏ်ရာကြောင့် မဟုတ်သေးဘဲ ကြိုတင်ကာကွယ်မှုသာဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။

“သူက တစ်ခုခုကို ခံစားလိုက်ရပါတယ်။ ယူနိုက်တက်နဲ့ သူ့ရဲ့စွန့်စားခန်းအသစ်ကို စတင်လိုက်ပြီဖြစ်လို့ ကြိုတင် ကာကွယ်မှုအနေနဲ့ သူ့ကို ကျွန်တော်တို့က ပြန်လွှတ်လိုက်တာပါ” လို့ နည်းပြကပြောပါတယ်။

အမ်မရာဘတ်ကို ယူနိုက်တက်ရဲ့ကစားသမားစာရင်းမှာ စာရင်းသွင်းထားပြီဖြစ်ပြီး စက်တင်ဘာလ ၁၆ ရက်နေ့ အိုးထရက်ဖို့ဒ်တွင် ဘရိုက်တန်နှင့် ကစားမယ့်ပွဲမှာ ပွဲထွက်ကစားသမားအဖြစ်ပါဝင်ခွင့်ရရှိရန် ရှိနေသော်လည်း ကြံ့ခိုင်မှုပြည့်ဝမှု ရှိမရှိကို စောင့်ကြည့်ရမည်ဖြစ်ပါတယ်။