အန်တိုနီ ပါသွားတဲ့ လူစာရင်း၊ ကြားဝင်ညှိပေးနေတဲ့ ရစ်ချက်အာနိုး၊ ဂျာစီ စပွန်ဆာသစ်နဲ့ နောက်ဆုံးထွက် မန်ယူ ထူးခြား သတင်းများ

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ စီအီးအို ရစ်ချက်အာနိုးဟာ နည်းပြ တန်ဟတ်ဂ်နဲ့ ဆန်ချိုကြားက ပြဿနာကို ဝင်ရောက် စေ့စပ်ဆွေးနွေးပေးနေကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လက်ရှိ ကွင်းပြင်ပ ပြဿနာတွေနဲ့ ရှုပ်ထွေးနေတဲ့ တောင်ပံ ကစားသမား အန်တိုနီကို အသင်းလူစာရင်းထဲ ဆက်လက် ထည့်သွင်းခဲ့ပါတယ်။

မန်ယူရဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲဝင်မယ့် ၂၅ ဦး လူစာရင်းမှာ တိုက်စစ်မှုးသစ် ဟွိုင်လန်း ကို ထည့်သွင်း မထားပါဘူး။ ဒါပေမယ့် အသက် ၂၁ နှစ်ယောက် လူစာရင်းကနေ ထည့်သွားဖွယ် ရှိပါတယ်။

လက်ရှိ ရာသီ မန်ယူအသင်းရဲ့ ပွဲထွက် ၁၁ ယောက်စာရင်းဟာ ကမ္ဘာ့ဈေးအကြီးဆုံး အဖြစ် မှတ်တမ်းဝင်နေပြီး ချဲလ်ဆီးက ဒုတိယနေရာမှ ရပ်တည်နေကြောင်း အချက်အလက်တွေ ထွက်ပေါ်နေပါတယ်။

အင်္ဂလန် အသင်းနောက်ခံလူ မက်ဂွိုင်းယားကတော့ စကော့တလန်နဲ့ ပွဲစဉ်မှာ ပြိုင်ဘက် ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်း ခံခဲ့ရပေမယ့် ၎င်းအနေနဲ့ အဆိုပါ ဖိအားတွေကို ကောင်းကောင်း ကိုင်တွယ်နိုင်ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

မန်ယူအသင်းဟာ လာမယ့် ၂၀၂၄-၂၅ ရာသီကို ဂျာစီ စပွန်ဆာသစ် Qualcomm Technologies နဲ့ လက်တွဲမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

မန်ချက်စတာ ယူနိုက်တက် ဟာ ဗန်ဒီဘိခ်ကို ရောင်းချနိုင်ဖို့အတွက် တူရကီ၊ ကာတာ စတဲ့ နိုင်ငံရှိ အသင်းတွေနဲ့ ချိတ်ဆက်နေပါတယ်။