အိုနာနာ အရန်နေရာ အတွက် လူငယ် ဂိုးသမား တစ်ဦး ခေါ်ယူလိုက်တဲ့ မန်ချက်စတာ ယူနိုက်တက်
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လိဂ်ဝမ်းကလပ် အောက်စဖို့ဒ်နဲ့ လမ်းခွဲထားတဲ့ အင်္ဂလန် လူငယ်ဂိုးသမား ပလန်လေကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိုက်ကြောင်း သိရပါတယ်။
အသက် ၂၀ အရွယ် အင်္ဂလန် ယူ-၂၁အသင်းရဲ့ လက်ရွေးစင် ကိုင် ပလန်လေက အောက်စဖို့ဒ်ရဲ့ လူငယ်အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမား ဖြစ်ပြီး သူက အောက်စဖို့ဒ်နဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁ရက်နေ့မှာ လမ်းခွဲခဲ့တာပဲ ဖြစ်ပါတယ်။ ပလန်လေက အင်္ဂလန်ရဲ့ အဆင့်မြင့်လိဂ်တွေမှာ ..

၁ပွဲမှ ဝင်ရောက် ကစားဖူးခြင်း မရှိသေးပါဘူး။ ဒါပမယ့် မန်ယူ ကင်းထောက်တွေက ပလန်လေဟာ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ဂိုးသမား တဦးလို့ ယုံကြည်တာကြောင့် ပလန်လေကို ခေါ်ယူသင့်ကြောင်း တိုက်တွန်းခဲ့ကြတာပါ။
ဒါကြောင့်ပဲ ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့ တာဝန်ခံတွေက ပလန်လေကို အသင်းရဲ့ ယူ-၂၀ ၊ ယူ-၂၁ ၊ ယူ-၂၃ အသင်းတွေမှာ ကစားဖို့နဲ့ လိုအပ်ရင် အသင်းကြီးမှာ ကစားဖို့ အတွက် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိုက်တာပဲ ဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်တဲ့ သတင်းတွေ အဆိုအရ ပလန်လေက အခုချိန်မှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ လူငယ်အသင်းတွေမှာသာ ကစားရမှာ ဖြစ်ပေမယ့် လာမယ့် ၂၀၂၄ နှစ်စမှာ အသင်းရဲ့ နံပါတ်တစ် ဂိုးသမား အိုနာနာက အာဖရိကဖလားပြိုင်ပွဲကို သွားရောက် ကစားခဲ့ရင် ပလန်လေဟာ အသင်းရဲ့ အရန် ဂိုးသမား အဖြစ် ပါဝင်ရဖွယ် ရှိနေကြောင်း သိရပါတယ်။
လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်က အိုနာနာနဲ့ ဘယင်ဒါ စတဲ့ စီနီယာ ဂိုးသမား ၂ဦးကို ပိုင်ဆိုင်ထားပြီး အိုနာနာ တယောက် အာဖရိကဖလားပြိုင်ပွဲကို သွားရောက် ယှဉ်ပြိုင်ရင် ဘယင်ဒါဟာ အသင်းရဲ့ နံပါတ်တစ် ဂိုးသမား အဖြစ် ပွဲထွက် ကစားခွင့် ရမှာပါ။