ဒီည ဘိုင်ယန်နဲ့ ချန်ပီယံလိဂ် ကန်ဖို့ မြူးနစ်သို့ လိုက်ပါသွားတဲ့ မန်ချက်စတာ ယူနိုက်တက် လူစာရင်း

ဒီနေ့ ဗုဒ္ဓဟူးနေ့ည ဂျာမနီမြေ သွားရောက် ကစားရမယ့် ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ် အုပ်စု အဖွင့်ပွဲ အတွက် လိုက်ပါသွားတဲ့ မန်ချက်စတာ ယူနိုက်တက် လူစာရင်းကတော့ ထွက်ပေါ်နေပါပြီ။

ဒီပွဲ မတိုင်ခင် ယူနိုက်တက်ရဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ ဗာရန်းနဲ့ မောင့်တို့ ပြန်လည် ပါဝင်နေတာ တွေ့ရပါတယ်။ ဒါပေမယ့် ခရီးထွက်သွားတဲ့ လူစာရင်းမှာတော့ မပါဝင်သွားပါဘူး။

သူတို့ နှစ်ယောက် အပါအဝင် ယူနိုက်တက်ရဲ့ ဒဏ်ရာရ ကစားသမားတွေ များနေတာကြောင့် နည်းပြ တန်ဟက်က လူစာရင်းကို ဒီတလောမှာ အပြောင်းအလဲတွေ လုပ်နေခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန် နောက်ခံလူ မက်ဂွဲရားကလည်း ဒဏ်ရာ ရှိနေတာကြောင့် ဘိုင်ယန်နဲ့ ပွဲ အတွက် လိုက်ပါမသွားပါဘူး။

ဘိုင်ယန်မြူးနစ်နဲ့ ပွဲ အတွက် မြူးနစ်မြို့သို့ လိုက်ပါသွားတဲ့ ယူနိုက်တက်ရဲ့ လူစာရင်းက အောက်ပါ အတိုင်း ဖြစ်ပါတယ်။

Goalkeepers: Altay Bayindir, Tom Heaton, Andre Onana, Radek Vitek.

Defenders: Victor Lindelof, Lisandro Martinez, Sergio Reguilon, Diogo Dalot, Jonny Evans.

Midfielders: Bruno Fernandes, Christian Eriksen, Casemiro, Facundo Pellistri, Scott McTominay, Dan Gore, Hannibal.

Forwards: Anthony Martial, Marcus Rashford, Rasmus Hojlund, Alejandro Garnacho, Omari Forson.

နောက်ခံလူ ၅ ဦးသာ ခေါ်ယူသွားတဲ့ ယူနိုက်တက် လူစာရင်းအတွက် ဝေဖန်မှုတွေလည်း ရှိနေပြီး ဘရူနို ဖာနန်ဒက်စ် တစ်ယောက် နောက်ဆင်း ကစားရဖွယ်လည်း ရှိနေပါတယ်။