လီဗာပူးနဲ့ ချယ်ဆီးတို့ အပြိုင် ချဉ်းကပ် ကြိုးစားခြင်း ခံနေရတဲ့ ချန်ပီယံရှစ်က လူငယ်ကြယ်ပွင့်လေး

ပရီးမီးယားလိဂ် ထိပ်သီး နှစ်သင်း ဖြစ်တဲ့ လီဗာပူးအသင်းနဲ့ ချယ်ဆီးအသင်းတို့ဟာ ချန်ပီယံရှစ်ကလပ် ဖူလ်ဟမ် အသင်းရဲ့ လူငယ်ကြယ်ပွင့် ဖေဘီယို ကာဗယ်ဟိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း အင်္ဂလန် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် လူငယ် ကွင်းလယ် တိုက်စစ် ကစားသမား ကာဗယ်ဟိုဟာ ယခုနှစ် ဘောလုံးရာသီမှာ ဖူလ်ဟမ်အသင်းနဲ့ အတူ တောက်ပနေတဲ့ ကစားသမား တဦး ဖြစ်ပြီး အသင်းအတွက် ချန်ပီယံရှစ်ပြိုင်ပွဲမှာ ၇ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၃ဂိုး အထိ သွင်းထားနိုင်ပါတယ်။

ဖူလ်ဟမ်အသင်းရဲ့ လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကာဗယ်ဟိုဟာ ညာခြေအားသန် ကစားသမား တဦး ဖြစ်ပြီး အလိမ်အခေါက် စွမ်းရည် မြင့်မားကာ အဆုံးသတ် ဂိုးသွင်းယူမှု အပိုင်းမှာလည်း သေသပ်တာကြောင့် အင်္ဂလန် ယူ-၁၉အသင်း အတွက် ရွေးချယ်ခံထားရသလို ဩဂုတ်လ အတွက် အကောင်းဆုံး လူငယ် ကစားသမားဆုကိုလည်း ရရှိထားသူပါ။

လက်ရှိမှာ ကာဗယ်ဟိုကို ခေါ်ယူဖို့ အတွက် ဥရောပ အသင်းကြီး အများစုက စောင့်ကြည့်နေကြပြီး ထိုထဲမှာ ချယ်ဆီးအသင်းနဲ့ လီဗာပူးအသင်းတို့ ပါဝင်ပါတယ်။ ထိုနှစ်သင်းက ကာဗယ်ဟိုကို ခေါ်ယူနိုင်ဖို့ ချဉ်းကပ်မှုတွေ စတင် လုပ်ဆောင်နေကြကာ ကာဗယ်ဟိုရဲ့ မိသားစုနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေတောင် ပြုလုပ်ထားကြကြောင်း သိရပါတယ်။

ကာဗယ်ဟိုဟာ ဖူလ်ဟမ်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တာကြောင့် ချယ်ဆီးအသင်းနဲ့ လီဗာပူးအသင်းတို့ဟာ သူ့ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။

ZG

ပရီးမီးယားလိဂ္ ထိပ္သီး ႏွစ္သင္း ျဖစ္တဲ့ လီဗာပူးအသင္းနဲ႔ ခ်ယ္ဆီးအသင္းတို႔ဟာ ခ်န္ပီယံရွစ္ကလပ္ ဖူလ္ဟမ္ အသင္းရဲ႕ လူငယ္ၾကယ္ပြင့္ ေဖဘီယို ကာဗယ္ဟိုကို ေခၚယူဖို႔ စိတ္ဝင္စားေနေၾကာင္း အဂၤလန္ သတင္းဌာနေတြက ေဖာ္ျပသြားၾကပါတယ္။

အသက္ ၁၉ႏွစ္ အ႐ြယ္သာ ရွိေသးတဲ့ အဂၤလန္ လူငယ္ ကြင္းလယ္ တိုက္စစ္ ကစားသမား ကာဗယ္ဟိုဟာ ယခုႏွစ္ ေဘာလုံးရာသီမွာ ဖူလ္ဟမ္အသင္းနဲ႔ အတူ ေတာက္ပေနတဲ့ ကစားသမား တဦး ျဖစ္ၿပီး အသင္းအတြက္ ခ်န္ပီယံရွစ္ၿပိဳင္ပြဲမွာ ၇ပြဲ ပါဝင္ ကစားေပးထားရာ သြင္းဂိုး ၃ဂိုး အထိ သြင္းထားႏိုင္ပါတယ္။

ဖူလ္ဟမ္အသင္းရဲ႕ လူငယ္ အကယ္ဒမီ ကေန ထြက္ေပၚလာတဲ့ ကာဗယ္ဟိုဟာ ညာေျခအားသန္ ကစားသမား တဦး ျဖစ္ၿပီး အလိမ္အေခါက္ စြမ္းရည္ ျမင့္မားကာ အဆုံးသတ္ ဂိုးသြင္းယူမႈ အပိုင္းမွာလည္း ေသသပ္တာေၾကာင့္ အဂၤလန္ ယူ-၁၉အသင္း အတြက္ ေ႐ြးခ်ယ္ခံထားရသလို ဩဂုတ္လ အတြက္ အေကာင္းဆုံး လူငယ္ ကစားသမားဆုကိုလည္း ရရွိထားသူပါ။

လက္ရွိမွာ ကာဗယ္ဟိုကို ေခၚယူဖို႔ အတြက္ ဥေရာပ အသင္းႀကီး အမ်ားစုက ေစာင့္ၾကည့္ေနၾကၿပီး ထိုထဲမွာ ခ်ယ္ဆီးအသင္းနဲ႔ လီဗာပူးအသင္းတို႔ ပါဝင္ပါတယ္။ ထိုနွစ္သင္းက ကာဗယ္ဟိုကို ေခၚယူႏိုင္ဖို႔ ခ်ဥ္းကပ္မႈေတြ စတင္ လုပ္ေဆာင္ေနၾကကာ ကာဗယ္ဟိုရဲ႕ မိသားစုနဲ႔ ေတြ႕ဆုံ ေဆြးေႏြးမႈေတြေတာင္ ျပဳလုပ္ထားၾကေၾကာင္း သိရပါတယ္။

ကာဗယ္ဟိုဟာ ဖူလ္ဟမ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ၁ႏွစ္သာ က်န္ေတာ့တာေၾကာင့္ ခ်ယ္ဆီးအသင္းနဲ႔ လီဗာပူးအသင္းတို႔ဟာ သူ႔ကို အလြတ္ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူႏိုင္မွာ ျဖစ္ပါတယ္။