အိုနာနာကြောင့် ဗြောင်းဆန်ပြီး သဘောကွဲလွဲမှုတွေ ဖြစ်နေတဲ့ မန်ချက်စတာ ယူနိုက်တက် အဝတ်လဲခန်း အခြေအနေ
ဂိုးသမား အိုနာနာရဲ့ အမှားတွေနဲ့ ရလဒ်ဆိုးတွေ ဆက်တိုက် ကြုံလာရတာကြောင့် ဒီဂီယာနေရာမှာ အစားထိုးခဲ့တာနဲ့ ပတ်သက်ပြီး မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေ ဒေါသထွက်ကုန်ကြပြီလို့ သတင်း ထွက်လာပါတယ်။
စပိန်သားကို အိုနာနာနဲ့ အစားထိုးခဲ့တာဟာ အမှားတစ်ခုဖြစ် တယ်ဆိုတာကို ဘိုင်ယန်နဲ့ပွဲက ကွက်ကွက်ကွင်းကွင်းနဲ့ မြင်သာအောင် သက် သေပြလိုက်တဲ့နောက်မှာ မန်ယူကစားသမားတွေဟာ ဒေါသထွက်တဲ့အရှိန် မြင့်တက်လာတာ ဖြစ်တယ်လို့ The Sun သတင်းဝက်ဘ်ဆိုက်က ရေးသား ဖော်ပြပါတယ်။
အသင်းနဲ့အတူ ၁၂ နှစ်ကြာ လက်တွဲလာခဲ့တဲ့ သက်တော်ရှည်ဂိုးသမား ဒီဂီယာကို ပစ်ပစ်ခါခါ လမ်းခွဲလိုက် ချိန်က တည်းက မန်ယူ ကစားသမားတချို့ဟာ ..

အသင်းရဲ့ လုပ်ရပ်အပေါ်မှာ မကျေနပ်မှုတွေရှိခဲ့တာ ဖြစ်တယ်လို့ The Sun ရဲ့ သတင်းတစ်ရပ်မှာ ရေးသား ဖော်ပြပါတယ်။
ဒီဂီယာ ဟာ အိုးလ်ထရက်ဖို့ဒ်ရဲ့ အဝတ်လဲခန်းထဲမှာ သြဇာညောင်းတဲ့ ဝါရင့် ကစား သမားတစ်ယောက်ဖြစ်ပြီ
ပြီးခဲ့တဲ့ ဘောလုံးရာသီမှာဆိုရင်လည်း ရွှေလက် အိတ်ဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ကစားသမားပါ။ ဒါပေမဲ့ နည်းပြအဲရစ်တန်ဟတ် ကတော့ အသက်အရွယ်ရလာပြီဖြစ်တဲ့ စပိန်သားနေရာမှာ ကင်မရွန်းလက် ရွေးစင် အိုနာနာနဲ့ အစားထိုးလိုက်တာဖြစ်ပါတယ်။
အိုနာနာ ရောက်လာပြီးတဲ့ နောက် မန်ယူဟာ ပရီးမီးယားလိဂ် အဆိုးရွားဆုံး ရာသီအစ တာထွက်မျိုးနဲ့ ရင်ဆိုင်နေရပြီး ၅ ပွဲမှာ ၁၀ ဂိုးပေးထားရတဲ့အပြင် ၃ ပွဲ ရှုံးထားပါတယ်။
ဒါပေမဲ့ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ကတော့ မန်ယူအသင်း လက်ရှိ ကြုံနေရတဲ့ အခြေအနေတွေအပေါ်မှာ ပြေလည်သွားအောင် ဖြေရှင်းပေးနိုင် တဲ့ လူအင်အားစုဖွဲ့မှုမျိုး ရှိနေတယ်လို့ ပြောပါတယ်။
” ကျွန်တော်တို့မှာ ကစားသမားတွေ ရှိတယ်။ ကျွန်တော်တို့မှာ အတွေ့အကြုံတွေ ရှိတယ်။ ဒီလို ကာလ အပိုင်းအခြားမျိုးကို ဖြတ်ကျော်သွားနိုင်တဲ့ အရည်အချင်းမျိုးတွေ လည်း ရှိပါတယ် ” လို့ ဖာနန်ဒက်စ်က ဘိုင်ယန်နဲ့ ချန်ပီယံလိဂ် ပွဲစဉ်အပြီးမှာ ပြောခဲ့တာပါ။
ဒါပေမဲ့ သူတို့အသင်းဟာ ဂိုးသမားနေရာနဲ့ ပတ်သက်လို့ ကစဉ့် ကလျား အခြေအနေတစ်ခုကို ရင်ဆိုင်နေရပြီဆိုတာ ဘိုင်ယန်နဲ့ပွဲက သက် သေထူခဲ့တာမျိုး ရှိပါတယ်။
ဒါပေမဲ့လည်း ဘိုင်ယန်နဲ့ပွဲမှာ ကစားခွင့်ရခဲ့ကြတဲ့ မန်ယူအသင်းသားတွေ အကုန်လုံးဟာ အစွမ်းကုန် ပေးဆပ်ပြီး ကစားသွား ခဲ့ ကြတာဖြစ်တယ်လို့လည်း ပေါ်တူဂီသားက ပြောသွားခဲ့ပါတယ်။