မန်ယူက ခွာဖို့ စဉ်းစားလာတဲ့ ရော်နယ်ဒို၊ မာတင်နယ်လီ၊ ကာဗယ်ဟိုတို့နဲ့ ယနေ့ အပြောင်းအရွှေ့ သတင်းများ

အာဆင်နယ်ကွင်းလယ်လူဟောင်း ၀ီလ်ရှိုင်းယားက သူ့အနေနဲ့ ရီးရဲတိုက်စစ်ကစားမား ဟာဇက်ကို နယူးကာဆယ် နည်းပြသစ် ဟိုဝီရဲ့လက်အောက်မှာ ကစားတာမြင်တွေ့လိုကြောင်း ဖွင့်ဟခဲ့ပါတယ်။

ချဲလ်ဆီး နည်းပြတူချယ် က လာမယ့် ဇန်န၀ါရီအပြောင်းအရွှေ့မှာ ကစားသမား (၆)ဦးခန့်ကို ရောင်းထုတ်သွားဖွယ် ရှိနေပါတယ်။ ၄င်းတို့ကတော့ ခရစ္စတန်ဆန်၊ ဆောနီဂွတ်ဇ်၊ မာလောင်းဆား၊ ဘာကလေ၊ လီဝစ်ဘတ်ကာနဲ့ မူဆွန်ဒါတို့ ပါဝင်ပါတယ်။

စီ ရော်နယ်ဒိုဟာ မန်ယူအသင်းအနေနဲ့သာ လက်ရှိ အခြေအနေဆိုးတွေက မရုန်းထွက်နိုင်ခဲ့ရင် အသင်းက ပြန်လည် ထွက်ခွာဖို့အထိ စဉ်းစားထားတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ရော်နယ်ဒိုဟာ (၂၀၀၃) ကနေ (၂၀၀၉) အထိ ယူနိုက်တက်အတွက် ကစားပေးခဲ့ပြီး အဲ့ဒီနောက် ရီးရဲယ်မက်ဒရစ်၊ ဂျူဗင်တပ်စ်တို့ကို ပြောင်းရွှေ့ခဲ့တာပါ။

ဘာစီလိုနာနည်းပြသစ် ဇာဗီက သူ့အနေနဲ့ အသင်းဖော်ဟောင်း မက်ဆီထံကနေ ဘာစီလိုနာမှာ အောင်မြင်ဖို့ ဆုမွန်ကောင်း တောင်းပေးတာ ကို လက်ခံရရှိခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

အာဆင်န ယ်တိုက်စစ်မှူး မာတင်နယ်လီ က အသင်းမှာ ပွဲထွက်ခွင့် ပျောက်ဆုံးနေတဲ့အပေါ် မပျော်မရွှင်ဖြစ်နေပြီး ဇန်န၀ါရီ အပြောင်းအရွှေ့မှာ အသင်းထွက်ခွင့် တောင်းဆိုဖွယ်ရှိနေကြောင်း သတင်း ထွက်ပေါ်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက် အနေနဲ့ ဆန်ချိုကို ဈေးကြီးပေး ၀ယ်ထားပြီးတော့မှ သုံးစွဲရမှာဖြစ်ကြောင်း မန်ယူ ကစားသမားဟောင်း ပေါလ်ပါကားက ဆိုပါတယ်။

ဒါ့အပြင် ဆန်ချိုဟာ အင်္ဂလန်သားဖြစ်ပြီး အင်္ဂလန် ဘောလုံးအကြောင်းကို ကေားင်ကောင်း သိသူဖြစ်ကြောင်း၊ ဒါကြောင့် ဆန်ချိုအနေနဲ့ ပရီးမိးယားလိဂ်နဲ့ အသားကျဖို့ အချိန်ယူရမယ် ဆိုတဲ့ စကားဟာ ယုတ္ထိမတန်ကြောင်း ၄င်းက မှတ်ချက်ပြုခဲ့ပါတယ်။

အေစီမီလန်ကွင်းလယ်လူ ကက်ဆီကို ခေါ်ယူလိုတဲ့အသင်းတွေထဲ လာလီဂါထိပ်သီးကလပ် ရီးရဲမက်ဒရစ်လည်း ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။ ၂၄ နှစ်အရွယ်ကွင်းလယ်လူရဲ့ စာချုပ်ဟာ ရာသီကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး အေစီနဲ့ သက်တမ်း တိုးမြှင့်ဖွယ် မရှိပါဘူး။

ပီအက်စ်ဂျီနောက်ခံလူ ရာမို့စ်အနေနဲ့ အသင်းလိုက်လေ့ကျင့်ခန်း ဆင်းနိုင်နေပြီဖြစ်ကြောင်း သိရပါတယ်။ ရာမို့စ်အနေနဲ့ ဟာရဲရား၊ အိုက်ကာဒီ၊ ဘာနက်တို့အတူ လေ့ကျင့်ခန်းဆင်းလျက်ရှိနေပြီး ပီအက်စ်ဂျီအတွက် ပွဲထွက်ကစားနိုင်ဖို့ ကြိုးပမ်းနေပါတယ်။

ချန်ပီယံရှစ်ကလပ် ဖူလ်ဟမ်မှာ ကွင်းလယ်တိုက်စစ် လူငယ်ကြယ်ပွင့်လေး ဖာဘီယို ကာဗယ်ဟို လီဗာပူးနဲ့ ချယ်ဆီး အသင်းတို့က အပြိုင် ချဉ်းကပ်နေကြပါတယ်။