ဒီည ပွဲမှာ နည်းပြ တန်ဟက် ထုတ်သုံးလာနိုင်တဲ့ အကယ်ဒမီနဲ့ မျက်နှာသစ် ကစားသမားများ

မန်ချက်စတာယူနိုက်တက် ဟာ ဒီည အိုးထရက်ဖို့ဒ်မှာ ခရစ္စတယ် ပဲလေ့စ်နဲ့ ကာရာဘောင်းပွဲ ယှဉ်ပြိုင် ကစားဖို့ ရှိနေပြီး ဒီပွဲ မတိုင်ခင် ထရိန်နင်မှာ တွေ့ရတဲ့ မျက်နှာသစ် ကစားသမားလေးတွေ က ပါဝင် ကစားခွင့် ရဖွယ် ရှိနေပါတယ်။

အင်္ဂါနေ့ည ပွဲ မတိုင်ခင် တန်ဟက်ရဲ့ စီနီယာ အသင်းကြီး ထရိန်နင်မှာ အကယ်ဒမီမှ လူငယ်လေး ၃ ဦး ပါဝင်လာတာ တွေ့ရပါတယ်။ ဒီ ကစးသမားတွေဟာ ပဲလေ့စ်နဲ့ ပွဲမှာ အသင်းကြီးနဲ့ ပါဝင် ကစားတဲ့ အတွေ့အကြုံ ရဖွယ် ရှိနေပါတယ်။

ဒီလူငယ်လေးတွေကတော့ လူးဝစ် ဂျက်ဆန်၊ အီသန် ဝှစ်လေနဲ့ ဂျိမ်းစ် နိုလန် တို့ ဖြစ်ပါတယ်။ ဂျက်ဆန် နဲ့ နိုလန် တို့ကတော့ နောက်ခံလူတွေ ဖြစ်တာကြောင့် ဒီတလော ခံစစ် ဒဏ်ရာရတွေ များနေတဲ့ အသင်းကြီးမှာ ပါဝင်ခွင့် ရဖွယ် ရှိပါတယ်။

ပဲလေ့စ်နဲ့ ပွဲမှာ နောက်ထပ် အခွင့်အရေး ရဖွယ်ရှိသူကတော့ ဒန်ဂိုးပါ။ ဒီရာသီ အရန်ခုံမှာ ၅ ကြိမ်တိုင် မြင်ခဲ့ရတဲ့ ဒန်ဂိုးက တန်ဟက်ရဲ့ အစီအစဉ်တွေမှာ ပါဝင်နေတာတော့ သေချာပါတယ်။

ကွင်းလယ်ဗဟိုမှာ ကစားတဲ့ ဂိုးက အမေရိကန် ရာသီကြိုခရီးစဉ်မှာ အထင်ကြီးဖွယ် အစွမ်းပြခဲ့ပြီး ပဲလေ့စ်နဲ့ ပွဲမှာ ကစားခွင့် ရဖွယ် ရှိပါတယ်။

ဒါ့အပြင် ယူနိုက်တက် ကွင်းလယ် ကစားသမားသစ် အမ်မရာဘတ်ကိုလည်း ဒီည ပွဲထွက် လူစာရင်းမှာ တွေ့ရဖို့ များပါတယ်။

ဒီကြားရက် ပွဲမှာ ကာဆီမီရို တစ်ယောက် အပြည့်အဝ အနားရဖွယ် ရှိပြီး မိုရိုကို သားက ကာဆီမီရို နေရာမှာ အစားဝင် ကစားဖို့ ပြင်ဆင်နေကြောင်း ထရိန်နင် ပုံရိပ်တွေမှာ တွေ့ရပါတယ်။

တိုက်စစ်မှာတော့ ဒဏ်ရာကနေ သက်သာခါက ဟွိုင်လန်း ကို အနားပေးပြီး ဝါရင့် တိုက်စစ်မှုး မာရှယ် ပါဝင်လာဖွယ် ရှိပါတယ်။