ဆန်ချို ကို မန်ယူထံ ပြန်လာစေချင်လို့ ကြားကနေ နားချ၊ လမ်းပြပေးလိုက်တဲ့ သရဲနီဟောင်းကြီး ရွိုင်ကိန်း

မန်ချက်စတာ ယူနိုက်တက် ဂန္ထဝင်ကြီး ရွိုင်ကိန်းက ဆန်ချိုအနေနဲ့ နည်းပြ တန်ဟက်ကို တောင်းပန်ပြီး ယူနိုက်တက် ကစားသမားဘဝကို ပြန် အဖတ်ဆယ် ကယ်တင်နိုင်တယ်လို့ ယုံကြည်နေပါတယ်။

နည်းပြကို လူသိရှင်ကြားဝေဖန်ခဲ့ပြီးနောက် ဆန်ချိုတစ်ယောက် အသင်းလူစာရင်းကနေ ချန်လှပ်ခံခဲ့ရသလို အာဆင်နယ်နဲ့ပွဲမှာကတည်းက မပါဝင်ခဲ့တာဖြစ်ပါတယ်။

ဒေါ့မွန်ကြယ်ပွင့်ဟောင်း ဆန်ချို ဟာ အခုချိန်မှာ မန်ယူ အသင်းရဲ့ စီနီယာအသင်း အသုံးအဆောင်တွေ အသုံးပြုခြင်း ကိုပါ ပိတ်ပင်ခံခဲ့ရပြီး …

ခုချန်ထိ တန်ဟက်ကို မတောင်းပန်ဘဲ တစ်ယောက်တည်း လေ့ကျင့်ခန်း ဆင်းနေတယ်လို့ သိရပါတယ်။ ဆန်ချိုရဲ့ အနာဂတ်က မသေချာတဲ့အခြေအနေမျိုးရောက်နေပြီး ရွိုင်ကိန်းက အခုလိုဖြစ်ရပ်က ရှက်စရာလို့ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ယူနိုက်တက်ဂန္ထဝင်က ဘောလုံးမှာ ပြန်လာနိုင်ဖို့ အမြဲတမ်းနည်းရှိတယ်လို့ ပြောကြားလိုက်ကာ ကစားသမားတစ်ဦးအနေနဲ့ လူသားဆန်မှုကို ပြသသင့်တယ်လို့ ပြောကြားလိုက်ပါတယ်။

“သူ မှန်ကန်တဲ့ လေ့ကျင့်ခန်းဆင်းနေတယ်လို့ ကျွန်တော်မထင်ပါဘူး။ ကျွန်တော် သူနဲ့ပုဂ္ဂိုလ်ရေးပြဿနာ မရှိပါဘူး။ ကျွန်တော် ကစားသမားနဲ့ ပတ်သက်ပြီး စိတ်မဝင်စားပါဘူး။ ကစားသမား တစ်ဦးအတွက် ကျွန်တော် ခွင့်လွှတ်လို့ မရတာက အခုလိုလုပ်ရပ်ကိုပါ။

ကျွန်တော် ဆန်ချိုနဲ့ ပတ်သက်ပြီး စိတ်ပျက်မိတာက သူမှန်ကန်တဲ့ လေ့ကျင့်ခန်းဆင်းနေတယ်လို့ မထင်တာပါ။ ကျွန်တော် ဆိုရင် နည်းပြအခုလိုမျိုး ကျွန်တော့်ဆီမလာတာ ၊ မီဒီယာမှာ စကားပြောခဲ့တာတွေကို ရှက်မိမှာပါ။ လူတွေက ကစားသမားတွေနဲ့ ပတ်သက်ပြီး မီဒီယာကနေ ဘာမှအစွမ်းမပြနိုင်လောက်ပါဘူး။ မှန်ပါတယ်။

ဒါပေမယ့် ဒီကနေ လူတွေကို မက်ဆေ့ချ်ပေးနိုင်ပါတယ်။ ဆန်ချိုအနေနဲ့ ယူနိုက်တက်ကို ပြန်လာနိုင်ဖို့ အခွင့်အရေး ရှိနေပါတယ်။ အဲ့တာက သူ့အနေနဲ့ လူသားဆန်မှုကိုပြသပြီး တောင်းပန်ဖို့ပါ။ အဲ့တာကို လျင်လျင်မြန်မြန် ပြန်လာနိုင်ပါလိမ့်မယ်။ အဝတ်လဲခန်းတွေက ထူးဆန်းသလို ကစားသမား တစ်ဦးအနေနဲ့ အလျင်အမြန် ပြန်လာနိုင်စေပါတယ်”လို့ ကိန်းက ပြောကြားခဲ့ပါတယ်။