ပေါချောင်ကောင်းနဲ့ ရမယ့် အာဆင်နယ် ကစားသမားဟောင်းကို မန်ယူ အရ ခေါ်မယ် သတင်းထွက်လာ
မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်ဆောင်းရာသီ ဈေးကွက်အတွင်း အသင်းတိုက်စစ်ပိုင်းအတွက် အာဆင်နယ် အသင်း တိုက်စစ်မှူးဟောင်း ဂနာဘီ ကို ခေါ်ယူဖို့ စောင့်ကြည့်နေကြောင်း သတင်း ထွက်လာပါတယ်။
လက်ရှိ အသင်းတိုက်စစ်ပိုင်းမှာ ဟွိုင်လန်းနဲ့ မာရှယ်ကိုသာ အားကိုးနေရဆဲ ဖြစ်တဲ့ တန်ဟတ် ဟာ လာမယ့်နွေမှာတော့ မဖြစ်မနေ တိုက်စစ်မှူးသစ် တစ်ယောက် ထပ်မံအားဖြည့်လိုနေပြီး နေရာစုံ ကစားနိုင်စွမ်းရှိတဲ့ တိုက်စစ်မှူးတွေကို ခေါ်ယူလိုနေပါတယ်။

လက်ရှိ ဘိုင်ယန်မြူးနစ် မှာ ကစားနေတဲ့ ဂနာဘရီကတော့ အသင်းထံ ရောက်ရှိလာခဲ့တဲ့ ဟယ်ရီကိန်းကြောင့် လာမယ့်ပွဲစဉ်တွေအတွက် ပုံမှန်ပွဲထွက်ခွင့် ကန့်သက်ခံထားရမှာ ဖြစ်ပြီး လာမယ့်ဆောင်းရာသီအတွင်း အသင်းမှ ထွက်ခွါဖို့ ဆန္ဒရှိနေပါတယ်။
မန်ယူအသင်းဟာ လက်ရှိ အသင်းတိုက်စစ်ပိုင်းမှာ ဆန်ချိုနဲ့ အန်တိုနီတို့ ၂ ယောက်စလုံးကို အသုံးပြုနိုင်သေးခြင်း မရှိသလို ဆန်ချိုကို လာမယ့်ဆောင်းရာသီ ဈေးကွက်အတွင်း ရှင်းထုတ်ဖိ့ု ဆန္ဒရှိနေကြောင့် ဂနာဘီ က ၎င်းတို့အတွက် ဈေးချောင်ချောင်နဲ့ ရနိုင်မယ့် ပစ်မှတ်တစ်ခု ဖြစ်နေပြီး ရီးရဲလ်အသင်း နဲ့ အပြိုင်လုရဖွယ် ရှိနေပါတယ်။
ဂနာဘီ ဟာ လက်ရှိ ဘိုင်ယန်အသင်းအတွက် စုစုပေါင်း ၂၂၃ ပွဲအထိ ပါဝင် ကစားပေးထားပြီး သွင်းဂိုး ၈၂ ဂိုးအထိ သွင်းယူပေးထားကာ ပြီးခဲ့တဲ့ မန်ယူနဲ့ ကစားခဲ့တဲ့ပွဲမှာလည်း ဘိုင်ယန်အတွက် သွင်းဂိုးတစ်ဂိုး သွင်းယူပေးခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။