မန်ယူမှာ ပရိသတ်မကြိုက်ပေမယ့် ဇန်နဝါရီမှာ ကလပ်တိုင်း ခေါ်လိုနေတဲ့ ကစားသမား
မန်ယူမှာ ပွဲထွက်ခွင့် တစ်နေရာရဖို့ ရုန်းကန်နေရတဲ့ မာစီယဲလ်ကို ခေါ်ယူလိုတဲ့ ကလပ်တွေထဲမှာ စီးရီးအေကလပ် ဂျုဗင်တပ်စ်အသင်းလည်း ပါဝင်လာခဲ့ပြီလို့ သိရပါတယ်။
နယူးကာဆယ်ကို ဆော်ဒီရင်းနှီးမြုပ်နှံမှု အဖွဲ့က ပေါင် ၃၀၅ သန်း အကုန်အကျခံ ခေါ်ယူပြီးနောက် ပထမဆုံး အပြောင်းအရွှေ့ဈေးကွက် ဖြစ်လာမယ့် ဆောင်းရာသီ ဈေးကွက်မှာ ငွေလုံးငွေရင်းဖြင့် ရင်းနှီးမြုပ်နှံတွေ လုပ်ဆောင်လာမယ်လို့ မျှော်လင့်ခံနေရတယ်။ နယူးကာဆယ်ဘက်က စိတ်ဝင်စားနေမှုမှာတော့ မန်ယူအသင်းမှ မာရှယ် ပါဝင်နေတာ ဖြစ်ပါတယ်။
မာရှယ်ကို ခေါ်ယူဖို့ကို ပရီးမီးယားလိဂ်ကလပ် စပါးအသင်းကလည်း စိတ်ဝင်စားဖူးပြီး မန်နေဂျာ ကွန်တီဘက်က အလိုရှိမယ်ဆိုရင် ဇန်နဝါရီမှာ ကြိုးစားပေမယ့် သတင်းတွေလည်း ထွက်ပေါ်ထားပါသေးတယ်။ စပါးကတော့ စီးရီးအေဘက်က တိုက်စစ်သမား အချို့ကိုလည်း ချိတ်ဆက်သွားမယ့် အခြေအနေဖြစ်ပါတယ်။

ဒီလို အခြေအနေမှာပဲ စီးရီးအေကလပ် ဂျုဗင်တပ်စ်အသင်းက သူတို့ရဲ့တိုက်စစ်ပိုင်းကို အင်အားမြင့်တင်ဖို့အတွက် လာမယ့် အပြောင်းအရွှေ့ဈေးကွက်မှာ ဖီအိုရင်တီးနားမှ ဗလာဟိုဗစ်၊ ပီအက်စ်ဂျီမှ အီကာဒီ၊ အာဆင်နယ်မှ လာကာဇက်နဲ့ မန်ယူ တိုက်စစ်ကစားသမား မာစီယဲလ်တို့ကို ပစ်မှတ်ထားလာတာ ဖြစ်ပါတယ်။
သူတို့ရဲ့ ပစ်မှတ်တွေထဲမှာ မာစီယဲလ်က ဖြစ်နိုင်ခြေအရှိဆုံး ကစားသမားတစ်ဦးဖြစ်ပြီး မာစီယဲလ် ကိုယ်တိုင်ကလည်း အသင်းပြောင်းလိုနေတာဖြစ်ပါတယ်။
လို့နေပြီး ယူနိုက်တက်မှာ ပုံမှန်နေရာရဖို့ မလွယ်ကူတော့တာကြောင့် မာစီယဲလ်အနေနဲ့ ဆောင်းဈေးကွက်မှာပဲ အသင်းကနေ ထွက်ခွာနိုင်ဖွယ် ရှိနေပါတယ်။
မာစီယဲလ်ဟာ ဒီရာသီမှာ သွင်းဂိုး ၁ ဂိုးတည်း သွင်းယူထားနိုင်တဲ့အပြင် အသင်းအတွက် ပြိုင်ပွဲစုံမှာ ၇ ပွဲသာ ကစားထားရတာကြောင့် စိန်ခေါ်မှုအသစ်တွေအတွက် အသင်းပြောင်းလိုပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရ အသင်းကို ပိုမို ဦးစားပေးဖွယ် ရှိနေပါတယ်။