ဒီည ပဲလေ့စ်ကို မန်ယူ အပြတ် ထပ်ကြိတ်မယ် လို့ ဟောကိန်းထုတ်လိုက်တဲ့ ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ခန့်မှန်းချက်

မန်ချက်စတာ ယူနိုက်တက်က ဒီတပတ် ပရီးမီးယားလိဂ်မှာ ပြီးခဲ့တဲ့ ရက်က ကာရာဘောင်းပွဲမှာ တွေ့ထားတဲ့ ခရစ္စတယ် ပဲလေ့စ်နဲ့ ထပ်မံ တွေ့ဆုံနေပါတယ်။

ပြီးခဲ့တဲ့ ကြားရက်က ပွဲမှာ ယူနိုက်တက်က ၃-ဝ နဲ့ အနိုင်ရထားတာပါ။ ဒီတပတ် ပရီးမီးယားလိဂ် ပွဲကတော့ စနေနေ့ မြန်မာစံတော်ချိန် ည ၈ နာရီခွဲ အချိန်၊ အိုးထရက်ဖို့ဒ် ကွင်းမှာပဲ ထပ်မံ ယှဉ်ပြိုင်ရမှာပ ဖြစ်ပါတယ်။

ဂန်းနားဟောင်းကြီး ပေါမာဆန် ကတော့ မန်ချက်စတာ ယူနိုက်တက်နဲ့ ပဲလေ့စ်တို့ ဒီအပတ် ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

“ကြားရက်က ကာရာဘောင်းပွဲမှာ ထိပ်တိုက်တွေ့တဲ့ နှစ်သင်း ပြန်တွေ့တာပါပဲ။ ပဲလေစ့်က အရင်ပွဲလောက် မဆိုးတော့ဘူး ထင်တာပါပဲ။ ဒီပွဲမှာတော့ တူညီတဲ့ ဂိုးရလဒ်မျိုးနဲ့ မန်ယူနိုက်တက် အနိုင်ကလွဲလို့ အခြားရလဒ် ထွက်လာမှာ မဟုတ်ပါဘူး။

အဲရစ်တန်ဟန်နဲ့ အသင်းသားတွေက လာမယ့်ပွဲတွေမှာ နိုင်ပွဲတွေ ဆက်ယူမှာပါ။ သူတို့က ပြိုင်ပွဲစုံ ၂ ပွဲဆက် နိုင်ပွဲစရနေပါပြီ။ ၃ ပွဲဆက် နိုင်လိုမယ်လို့ မျှော်လင့်ထားတယ်။ ရာသီစ တာထွက် မကောင်းဘူး ဖြစ်နေတဲ့ ပဲလေစ့်ကို ရင်ဆိုင်ကစားဖို့ သူတို့က တောင့်တင်းလွန်းပါတယ်။

ကာရာဘောင်းပွဲမှာ ဂနာချို ပါဝင်ခွင့်ရခဲ့ပြီး ခြေစွမ်း မဆိုးပါဘူး။ သူက လူစားဝင်လာရင် ပိုကောင်းတတ်ကြောင်း ကျနော် ပြောခဲ့ပြီးပါပြီ။ ကြားရက်မှာ ဂိုးရခဲ့တာမို့ သူ ဒီပွဲတော့ ပွဲထွက်ကနေ ပါဝင်လာနိုင်ပါတယ်။ ” လို့ ပေါမာဆန်က သုံးသပ်ထားပါတယ်။

ပေါမာဆန် ရဲ့ ခန့်မှန်းရလဒ် ကတော့ မန်ချက်စတာ ယူနိုက်တက် ၃-ဝ ခရစ္စတယ် ပဲလေ့စ် ဖြစ်ပါတယ်။