ပွဲပြီးခါနီး ရသင့်တဲ့ ပင်နယ်တီ မရခဲ့လို့ မန်ချက်စတာ ယူနိုက်တက် နစ်နာခဲ့ရပြီး ပွဲရလဒ် မပြောင်းနိုင် ဖြစ်ခဲ့

မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေကတော့ မနေ့ညတုန်းက အိုးထရက်ဖို့ဒ်တွင် ခရစ္စတယ်ပဲလေ့စ်အား ရှုံးနိမ့်တဲ့ပွဲတွင် ရသင့်ခဲ့တဲ့ နောက်ကျ ပင်နယ်တီ မရရှိခဲ့မှုအတွက် အကြီးအကျယ် ဒေါသထွက်နေကြပါတယ်။

ယူနိုက်တက်ဟာ မနေ့ညကပွဲစဉ်တွင် လက်ထိဘောမှ တဆင့် ပင်နယ်တီ ရရှိရန် မျှော်လင့်ခဲ့ပေမဲ့လည်း VAR က ပင်နယ် တီမပေးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ယူနိုက်တက်ပရိသတ်များက ခရစ္စတယ်ပဲလေ့စ်ကစားသမား ဂျိုယေးဝတ်ရဲ့လက်ကို ရှင်းလင်းစွာ လက်ထိမှုနှင့်အတူ ပင်နယ်တီ ရသင့်တယ်လို့ ယူဆနေကြပါတယ်။

ယူနိုက်တက် တိုက်စစ်မှုး မားကပ်စ်ရက်ဖို့ဒ် ပေးပို့လိုက်တဲ့ ဘောလုံး က ပဲလေ့စ် ဂိုးသမား ဝတ်ရဲ့လက်ထိကို ထိခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ကစားသမားများဟာ ပင်နယ်တီရရှိရေးအတွက် ဒိုင်လူကြီးကို ဝိုင်းရံစောဒကတက်မှု ပြုလုပ်ခဲ့ပေမဲ့ ကွင်းလယ်ဒိုင်လူကြီး မပေးခဲ့ပါဘူး။ အလားတူ VAR ကလည်း ကွင်းတွင်း ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကိုပင် အတည်ယူခဲ့ပါတယ်။

မနေ့ညကပွဲတွင် ခရစ္စတယ်ပဲလေ့စ်ဟာ ပွဲချိန် ၂၅ မိနစ်တွင် သွင်းခဲ့တဲ့ ဂျိုအာချမ်အင်ဒါဆင်ရဲ့ တစ်လုံးတည်းသော ဂိုးဖြင့် အနိုင်ရရှိသွားခဲ့ပါတယ်။

ပဲလေ့စ်ဟာ လွန်ခဲ့တဲ့ ၃ ရက်တုန်းက အိုးထရက်ဖို့ဒ်တွင် ယူနိုက်တက်ကို ခါရာဘောင်ဖလားပွဲမှာ ရှုံးနိမ့်ခဲ့မှုအား ချက်ချင်းပင် ကလဲ့စားပြန်ချေနိုင်ခဲ့ပါတယ်။