နားပူလွန်းလို့ အာဆင်နယ်က ဖုန်း ဆိုရင်ကို မကိုင်တော့တဲ့ ဗလာဟိုဗစ်ရဲ့ အေးဂျင့်
အာဆင်နယ် အသင်းဟာ ဖီအိုရင်တီးနား အသင်းတိုက်စစ်မှုး ဗလာဟိုဗစ် ကို ခေါ်ယူဖို့ အသည်းအသန် ကြိုးစားနေပေမယ့် ကစားသမားရဲ့ အေးဂျင့်ကတော့ အာဆင်နယ်က လာတဲ့ ဖုန်း ဆိုရင်ကို ပြန်မဖြေတော့ဘူးလို့ အီတလီက လာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဗလာဟိုဗစ် ဟာ ဖီအိုရင်တီးနား အသင်းရဲ့စာချုပ်အသစ်ကမ်းလှမ်းတာကို ငြင်းပယ်ထားတာဖြစ်ပြီး အာဆင်နယ် အသင်းနဲ့ သဘောတူညှမှု ရရှိထားတယ်လို့တောင် မကြာသေးခင်က သတင်းတွေထွက်ခဲ့ပါတယ်။
ဗလာဟိုဗစ် နဲ့ ဖီအိုရင်တီးနား တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ (၂၀၂၃)ဇွန်လမှာ ကုန်ဆုံးမှာပါ။ ဗလာဟိုဗစ် ဟာ ခြေစွမ်းပြ ဂိုးတွေသွင်းယူနေတာကြောင့် အာဆင်နယ် အသင်းက အခြားအသင်းတွေထက် လက်ဦးမှုရယူကာ ခေါ်ယူနိုင်ဖို့ အရှိန်မြှင့်ပြီး ကြိုးစားနေတာလည်းဖြစ်ပါတယ်။

ဖီအိုရင်တီးနား အသင်းကလည်း သူတို့ တိုက်စစ်မှုးကို လာမယ့်ဇန်နဝါရီ ဒါမှမဟုတ် နွေရာသီမှာ ရောင်းချဖို့ ရှိနေတာဖြစ်ပါတယ်။
ဖီအိုရင်တီးနား အသင်းကတော့ ဆားဘီးယား တိုက်စစ်မှုးကို ယူရိုသန်း(၈၀)ရရင် ရောင်းချ ချင်နေတာဖြစ်ပါတယ်။ ဗလာဟိုဗစ် ကို ခေါ်ယူဖို့ ဂျုဗင်တပ်စ် အသင်းကလည်း စိတ်ဝင်စားနေတာဖြစ်ပြီး ချီဆာ၊ လိုကာတယ်လီ တို့ကို ခေါ်ယူခဲ့တဲ့ ပုံစံအတိုင်း ချဉ်းကပ်ပြုလုပ်မှာကို စိုးရိမ်မှုတွေရှိနေတာဖြစ်ပါတယ်။
အာဆင်နယ် အသင်းကတော့ ဗလာဟိုဗစ် ကို ခေါ်ယူဖို့ အလွန်စိတ်အားထက်သန်နေပြီး ဇန်နဝါရီမှာပဲ ယူရို သန်း(၈၀)နဲ့ ခေါ်ယူဖို့ ပြုလုပ်နေတာဖြစ်ပါတယ်။ အာဆင်နယ် အသင်းဟာ ဖီအိုရင်တီးနား အသင်းနဲ့ ဆွေးနွေးမှုတွေ ရှိနေပေမယ့် တိုးတက်မှု မရှိဘူးလို့ သိရပါတယ်။
အကြောင်းရင်းကတော့ ဗလာဟိုဗစ် ရဲ့အေးဂျင့်ဟာ အာဆင်နယ် အသင်းက ခေါ်တဲ့ ဖုန်းဆိုရင်ကို မကိုင် တော့တာကြောင့် ဖြစ်ပါတယ်။ အာဆင်နယ် အသင်းဟာ သူတို့ရဲ့အမြင်နဲ့ ပရောဂျတ် ကို တင်ပြချင်ပေမယ့် အဆင်မပြေမှုတွေ ရှိနေတာဖြစ်ပါတယ်။
ဗလာဟိုဗစ် ကို ခေါ်ယူဖို့ ကွန်တီ ကိုင်တွယ်နေတဲ့ စပါး အသင်းကလည်း ကြိုးစားလာဖွယ် ရှိနေတာကြောင့် လန်ဒန်ကလပ် နှစ်သင်းရဲ့ အားပြိုင်လာမှုကို တွေ့ရဖွယ် ရှိပါတယ်။

ZG
အာဆင္နယ္ အသင္းဟာ ဖီအိုရင္တီးနား အသင္းတိုက္စစ္မႈး ဗလာဟိုဗစ္ ကို ေခၚယူဖို႔ အသည္းအသန္ ႀကိဳးစားေနေပမယ့္ ကစားသမားရဲ႕ ေအးဂ်င့္ကေတာ့ အာဆင္နယ္က လာတဲ့ ဖုန္း ဆိုရင္ကို ျပန္မေျဖေတာ့ဘူးလို႔ အီတလီက လာတဲ့ သတင္းေတြမွာ ေဖာ္ျပထားပါတယ္။
ဗလာဟိုဗစ္ ဟာ ဖီအိုရင္တီးနား အသင္းရဲ့စာခ်ဳပ္အသစ္ကမ္းလွမ္းတာကို ျငင္းပယ္ထားတာျဖစ္ၿပီး အာဆင္နယ္ အသင္းနဲ႔ သေဘာတူညႇမႈ ရရွိထားတယ္လို႔ေတာင္ မၾကာေသးခင္က သတင္းေတြထြက္ခဲ့ပါတယ္။
ဗလာဟိုဗစ္ နဲ႔ ဖီအိုရင္တီးနား တို႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ဟာ (၂၀၂၃)ဇြန္လမွာ ကုန္ဆုံးမွာပါ။ ဗလာဟိုဗစ္ ဟာ ေျခစြမ္းၿပ ဂိုးေတြသြင္းယူေနတာေၾကာင့္ အာဆင္နယ္ အသင္းက အျခားအသင္းေတြထက္ လက္ဦးမႈရယူကာ ေခၚယူနိုင္ဖို႔ အရွိန္ျမႇင့္ၿပီး ႀကိဳးစားေနတာလည္းျဖစ္ပါတယ္။
ဖီအိုရင္တီးနား အသင္းကလည္း သူတို႔ တိုက္စစ္မႈးကို လာမယ့္ဇန္နဝါရီ ဒါမွမဟုတ္ ေႏြရာသီမွာ ေရာင္းခ်ဖို႔ ရွိေနတာျဖစ္ပါတယ္။
ဖီအိုရင္တီးနား အသင္းကေတာ့ ဆားဘီးယား တိုက္စစ္မႈးကို ယူရိုသန္း(၈၀)ရရင္ ေရာင္းခ် ခ်င္ေနတာျဖစ္ပါတယ္။ ဗလာဟိုဗစ္ ကို ေခၚယူဖို႔ ဂ်ဳဗင္တပ္စ္ အသင္းကလည္း စိတ္ဝင္စားေနတာျဖစ္ၿပီး ခ်ီဆာ၊ လိုကာတယ္လီ တို႔ကို ေခၚယူခဲ့တဲ့ ပုံစံအတိုင္း ခ်ဥ္းကပ္ျပဳလုပ္မွာကို စိုးရိမ္မႈေတြရွိေနတာျဖစ္ပါတယ္။
အာဆင္နယ္ အသင္းကေတာ့ ဗလာဟိုဗစ္ ကို ေခၚယူဖို႔ အလြန္စိတ္အားထက္သန္ေနၿပီး ဇန္နဝါရီမွာပဲ ယူရို သန္း(၈၀)နဲ႔ ေခၚယူဖို႔ ျပဳလုပ္ေနတာျဖစ္ပါတယ္။ အာဆင္နယ္ အသင္းဟာ ဖီအိုရင္တီးနား အသင္းနဲ႔ ေဆြးေႏြးမႈေတြ ရွိေနေပမယ့္ တိုးတက္မႈ မရွိဘူးလို႔ သိရပါတယ္။
အေၾကာင္းရင္းကေတာ့ ဗလာဟိုဗစ္ ရဲ့ေအးဂ်င့္ဟာ အာဆင္နယ္ အသင္းက ေခၚတဲ့ ဖုန္းဆိုရင္ကို မကိုင္ ေတာ့တာေၾကာင့္ ျဖစ္ပါတယ္။ အာဆင္နယ္ အသင္းဟာ သူတို႔ရဲ့အျမင္နဲ႔ ပေရာဂ်တ္ ကို တင္ျပခ်င္ေပမယ့္ အဆင္မေျပမႈေတြ ရွိေနတာျဖစ္ပါတယ္။
ဗလာဟိုဗစ္ ကို ေခၚယူဖို႔ ကြန္တီ ကိုင္တြယ္ေနတဲ့ စပါး အသင္းကလည္း ႀကိဳးစားလာဖြယ္ ရွိေနတာေၾကာင့္ လန္ဒန္ကလပ္ နွစ္သင္းရဲ့ အားၿပိဳင္လာမႈကို ေတြ႕ရဖြယ္ ရွိပါတယ္။