ဖာဂူဆန် နောက်ဆုံးနားကသာ ပါတဲ့ ပရီးမီးယားလိဂ် သမိုင်းမှာ အကောင်းဆုံး မန်နေဂျာများ

အိုးထရက်ဖို့ဒ်မှာ ၂၇ နှစ်ကြာ တာဝန်ယူခဲ့တဲ့ သက်တော်ရှည် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ဟာ အခုထိ မန်ချက်စတာ ကလပ်အပေါ် သြဇာ လွှမ်းမိုးမှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် မစ်ဒယ်ဘရော့ နည်းပြဟောင်း ဝါးနော့ခ်ကတော့ သူ့အတွက် အကောင်းဆုံး မန်နေဂျာတွေကို အခုလို ရွေးချယ်သွားပါတယ်။

” ပရီးမီးယားလိဂ် လို့ စတည်းက စလို့ ကျနော့်ရဲ့ ထိပ်သီး မန်နေဂျာ ၅ ဦးကို ရွေးရမယ်ဆို နံပါတ် တစ်က အာဆင် ဝင်းဂါးပါ။ ဘာဖြစ်လို့လဲ ဆိုတော့ တကယ့် မော်ဒန် ဘောလုံးသမားတွေ မွေးထုတ်ပေးတာ အပြင် ကျနော်တို့ ဘယ်တုန်းကမှ မတွေးဖူးတဲ့ ကိစ္စတွေကို သူက သယ်ဆောင်လာခဲ့တယ်။

အာဟာရ ပညာရှင်၊ ကြံ့ခိုင်ရေးမှုး၊ ဗီဒီယိုတွေ နည်းပညာတွေ စသဖြင့်။ ပရီးမီးယားလိဂ်ဆိုတာနဲ့ ဘယ်နဲ့မှ မတူတဲ့ ခေတ်သစ်မျိုး သူက ပြောင်းလဲ လိုက်တယ်။

နောက်ပြီးရင် ဒုတိယ က ဂွာဒီယိုလာပါ။ သူ့ရဲ့ သြဇာလွှမ်းမိုးမှုကလည်း သိပ်ကောင်းတာပါ။ နောက်တစ်ယောက် ယာဂင်ကလော့ပ်က နံပါတ် ၃ ပေါ့။ ကျနော့် အမြင် သူက အစပဲ ရှိသေးတယ် ပိုတောင် ကောင်းလာဦးမှာပါ။ သူ လုပ်ဆောင်နေတာတွေနဲ့ ကလပ်မှာ ပျိုးထောင်ထားတာတွေက လာမယ့် ၁ဝ နှစ် အတွင်း အလားအလာကောင်းတွေ ရှိနေတယ်။

ဒါကြောင့် ကလော့ပ်က လောလောဆယ် နံပါတ် ၃ ဆိုပေမယ့် နောက်နှစ်တွေ အတွင်း အဆင့် ၁ ကိုလည်း ရောက်လာနိုင်ပါတယ်။ ၄ ဆိုရင်တော့ ဆာအဲလက်စ် ဖာဂူဆန်ကို ရွေးချယ်ချင်ပါတယ်။ နောက်ပြီးရင်တော့ ၅ က မော်ရင်ညိုပေါ့။ ” လို့ ဝါးနော့ခ်က ရွေးချယ်သွားပါတယ်။

ZG

အိုးထရက္ဖုိ႕ဒ္မွာ ၂၇ နွစ္ၾကာ တာဝန္ယူခဲ့တဲ့ သက္ေတာ္ရွည္ နည္းျပၾကီး ဆာအဲလက္စ္ ဖာဂူဆန္ဟာ အခုထိ မန္ခ်က္စတာ ကလပ္အေပၚ ၾသဇာ လႊမ္းမိုးမႈေတြ ရွိေနဆဲ ျဖစ္ပါတယ္။ ဒါေပမယ့္ မစ္ဒယ္ဘေရာ့ နည္းျပေဟာင္း ဝါးေနာ့ခ္ကေတာ့ သူ႔အတြက္ အေကာင္းဆံုး မန္ေနဂ်ာေတြကို အခုလို ေရြးခ်ယ္သြားပါတယ္။

” ပရီးမီးယားလိဂ္ လို႔ စတည္းက စလို႔ က်ေနာ့္ရဲ႕ ထိပ္သီး မန္ေနဂ်ာ ၅ ဦးကို ေရြးရမယ္ဆို နံပါတ္ တစ္က အာဆင္ ဝင္းဂါးပါ။ ဘာျဖစ္လို႔လဲ ဆိုေတာ့ တကယ့္ ေမာ္ဒန္ ေဘာလံုးသမားေတြ ေမြးထုတ္ေပးတာ အျပင္ က်ေနာ္တို႔ ဘယ္တုန္းကမွ မေတြးဖူးတဲ့ ကိစၥေတြကို သူက သယ္ေဆာင္လာခဲ့တယ္။

အာဟာရ ပညာရွင္၊ ၾကံ႕ခိုင္ေရးမႈး၊ ဗီဒီယိုေတြ နည္းပညာေတြ စသျဖင့္။ ပရီးမီးယားလိဂ္ဆိုတာနဲ႕ ဘယ္နဲ႕မွ မတူတဲ့ ေခတ္သစ္မ်ိဳး သူက ေျပာင္းလဲ လိုက္တယ္။

ေနာက္ျပီးရင္ ဒုတိယ က ဂြာဒီယိုလာပါ။ သူ႔ရဲ႕ ၾသဇာလႊမ္းမိုးမႈကလည္း သိပ္ေကာင္းတာပါ။ ေနာက္တစ္ေယာက္ ယာဂင္ကေလာ့ပ္က နံပါတ္ ၃ ေပါ့။ က်ေနာ့္ အျမင္ သူက အစပဲ ရွိေသးတယ္ ပိုေတာင္ ေကာင္းလာဦးမွာပါ။ သူ လုပ္ေဆာင္ေနတာေတြနဲ႕ ကလပ္မွာ ပ်ိဳးေထာင္ထားတာေတြက လာမယ့္ ၁ဝ နွစ္ အတြင္း အလားအလာေကာင္းေတြ ရွိေနတယ္။

ဒါေၾကာင့္ ကေလာ့ပ္က ေလာေလာဆယ္ နံပါတ္ ၃ ဆိုေပမယ့္ ေနာက္နွစ္ေတြ အတြင္း အဆင့္ ၁ ကိုလည္း ေရာက္လာနိုင္ပါတယ္။ ၄ ဆိုရင္ေတာ့ ဆာအဲလက္စ္ ဖာဂူဆန္ကို ေရြးခ်ယ္ခ်င္ပါတယ္။ ေနာက္ျပီးရင္ေတာ့ ၅ က ေမာ္ရင္ညိဳေပါ့။ ” လို႔ ဝါးေနာ့ခ္က ေရြးခ်ယ္သြားပါတယ္။