အသင်းဟောင်း မန်ယူနဲ့ ပြန်ဆုံရမယ့် ဒီည ချန်ပီယံလိဂ် ပွဲကို စောင့်မျှော်နေပြီ ဖြစ်တဲ့ ဂါလာတာစာရေး တိုက်စစ်မှုး
အသက် ၃၀ အရွယ် တောင်ပံ တိုက်စစ်သမား ဇာဟာ က ယနေ့ညမှာ ချန်ပီယံလိဂ်အုပ်စု A ပွဲစဉ်အဖြစ် ဂလာတာစာရေးနဲ့အတူ မန်ချက်စတာသို့ ပြန်လာရမှာဖြစ်ပါတယ်။
ဇာဟာ က မန်ချက်စတာယူနိုက်တက်နဲ့ စိတ်ပျက်ဖွယ်ကာလတွေအကြောင်းကို မမေ့နိုင်သေးပါဘူး။ ၂၀၁၃ ခုနှစ်တုန်းက ပေါင် ၁၀ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက် မန်ယူနိုက်တက်အတွက် ၄ ပွဲသာ ကစားခဲ့ရတဲ့အပေါ်မှာ စိတ်ပျက်နေဆဲလား ဒါမှမဟုတ် မကျေမနပ်ဖြစ်နေဆဲလားလို့ ဇာဟာ တစ်ယောက် ပွဲကြို ရှင်းလင်းပွဲမှာ မေးမြန်း ခံခဲ့ရပါတယ်။
ဒီမေးခွန်း အပေါ် ဇာဟာ က “ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်။ ခင်ဗျား ကျွန်တော့်မျက်နှာကို ကြည့်လိုက်လေ။ ..

ကျွန်တော် စိတ်အနှောင့်အယှက်ဖြစ်နေတဲ့ ပုံပေါ်တယ်ထင်လား။ လက်တွေ့ကျကျ ပြောရရင် ကျွန်တော်က အသေခံမလား ဒါမှမဟုတ် အဲဒီကနေ ပြန်တည်ဆောက်မလားဆိုတဲ့ အဆင့်ကို ဖြတ်သန်းခဲ့ရတယ်လို့ ထင်တယ်။ ကျွန်တော်ကတော့ ဘယ်တုန်းကမှ အဲဒီမှာ မသေဆုံးခဲ့ပါဘူး။
အဲဒါက ကျွန်တော့်ကစားသမားဘဝကို ရှေ့ဆက်နိုင်ဖို့အတွက် စိတ်ဓာတ်ကို တည်ဆောက်ပေးခဲ့တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်ကစားသမားဘဝကို သေဆုံးခွင့်မပေးနိုင်ဘူးလို့ ဆုံးဖြတ်ထားလို့ပါ။ ဘာလို့လဲဆိုရင် ကျွန်တော် တစ်နေရာကို သွားခဲ့ပြီး အဲဒါက အလုပ်မဖြစ်ခဲ့လို့ပါ။
ကျွန်တော် ရောက်ရှိချင်တဲ့နေရာကို ရောက်ရှိဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့ပြီးသားမို့လို့ပါ။ ဟုတ်ပါတယ်။ ကျွန်တော် ဒီနေ့ ဒီမှာ ရှိနေပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။
ဇာဟာဟာ အိုးထရက်ဖို့ဒ်က စိတ်ပျက်ဖွယ်ရာသီအပြီးကတည်းက မန်ချက်စတာယူနိုက်တက်နဲ့ ပြန်လည် ရင်ဆိုင် ခဲ့ရတာက အထူးအဆန်းမဟုတ်တော့ဘဲ ၂၀၂၁ ခုနှစ်တုန်းက ခရစ္စတယ် ပဲလေ့စ်က ၃-၁ နဲ့ အဝေးကွင်းနိုင်ပွဲ ရရှိခဲ့တဲ့ပွဲမှာ ၂ ဂိုးသွင်းယူခဲ့သလို ရန်းနစ်ခ်ရဲ့ ယာယီနည်းပြဘဝ နောက်ဆုံးပွဲဖြစ်တဲ့ ဆဲလ်ဟတ်စ်ပါ့ခ်က ပွဲမှာလည်း ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်နဲ့ ပြန်လည်ရင်ဆိုင်ရာမှာ နောက်ထပ် စိတ်ဓာတ်ခွန်အားအဖြစ် လှုံ့ဆော်မှုတွေ ရှိမလား ဆိုတဲ့ အပေါ် ဇာဟာ က
“ မန်ယူနိုက်တက်က ဟိုးအရင့်အရင်တုန်းက ကျွန်တော် ကစားခဲ့ဖူးတဲ့ အသင်းတစ်သင်းပါ။ ၁၀ နှစ် ရှေ့ကို ပြန်ကျော်လိုက်ရင် ကျွန်တော်က အသက် ၃၀ အရွယ်ရှိပြီဖြစ်ပြီး တော်တော်လေး ရင့်ကျက်နေခဲ့ပြီလို့ ခံစားရပါတယ်။
အခု ကျွန်တော်က ဂလာတာဆာရေးလို အသင်းကြီးတစ်သင်းမှာရှိနေတာပါ။ ကျွန်တော်တို့မှာ အရည်အချင်းရှိတဲ့ ကစားသမားတွေ အများကြီးရှိတယ်။ ကျွန်တော်တို့မှာ အတွေ့အကြုံတွေ အများကြီးရှိတယ်။ ကျွန်တော်တို့ မနက်ဖြန်အတွက် အဆင်သင့်ဖြစ်ပြီလို့ ထင်ပါတယ်။
ကျွန်တော်တို့မှာ သူတို့ကို နာကျင်အောင်လုပ်နိုင်တဲ့ ကစားသမားတွေ ရှိပါတယ်။ ကျွန်တော်ကတော့ အဲဒီပွဲကို စောင့်မျှော်နေပါတယ်”လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။