ဆန်ချိုကို ခံစစ် ဆင်းခိုင်းမယ့် အကြံ၊ ထရစ်ပီယာကို ပစ်မှတ်ထားခြင်းနဲ့ ယနေ့ မန်ယူ သတင်းတိုများ

မန်ယူနိုက်တက် ဘုတ်အဖွဲ့ဟာ ဆိုးရှားကိုသာ အဓိက ထောက်ခံ အားပေးနေဆဲ ဖြစ်ပြီး တခြား ဘယ်သူ့ကိုမှ နည်းပြသစ် ခန့်အပ်ဖို့ မေးမြန်း ပြောဆိုနေခြင်းလည်း မရှိကြောင်း သတင်းထောက် ရိုမန်နိုက ဖော်ထုတ်ထားပါတယ်။

နည်းပြ ဆိုးရှားက ယူနိုက်တက်မှာ တိုက်စစ် အထောင် နှစ်ယောက် ကစားနေစေတာကြောင့် ဂျေဒန် ဆန်ချို ကို ခံစစ် တောင်ပံ ဆင်း ကစားခိုင်းစေဖို့ နည်းပြ အဖွဲ့ဝင်တွေက ကြံစည်နေကြောင်း သိရပါတယ်။ ဆန်ချိုဟာ မန်ယူမှာ ပွဲကစားခွင့် သိပ်မရဘဲ တိမ်မြုပ်နေပါတယ်။

မန်ယူအနေနဲ့ ချဲလ်ဆီး ပစ်မှတ်ထားခဲ့တဲ့ ဆီဗီးလ်နောက်ခံလူ ကွန်ဒီကို ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ကြိုးပမ်းသွားမှာလို့ သိရပါတယ်။ မန်ယူအနေနဲ့ ပြီးခဲ့တဲ့နွေမှာ ဗာရာနီကိုခေါ်ထားခဲ့ပေမဲ့ ခံစစ်ပိုင်း ပြဿနာကို ဖြေရှင်းနိုင်သေးခြင်း မရှိတာပါ။

မန်ယူ တိုက်စစ်မှူး ကာဗာနီအနေနဲ့ ဆန်ချိုက သူ့အပေါ် ကျောနံပါတ် ၇ တောင်းခဲ့တာကို မပျော်မရွှင် ဖြစ်လျက် ရှိနေပါတယ်။ ဆန်ချိုကို ခေါ်ယူစဉ်က မန်ယူအနေနဲ့ ကာဗာနီကို ကျောနံပါတ် ၇လွှဲပေးဖို့ တောင်းဆိုခဲ့တာပါ။

မန်ယူ နည်းပြဆိုးလ်ရှားအနေနဲ့ မက်ဂွဲရားကို အသင်းခေါင်းဆောင် ခန့်အပ်လိုက်တာ စောလွန်းခဲ့ကြောင်း၊ လက်ရှိ အချိန်မှာ မက်ဂွဲရားကို အသင်းခေါင်းဆောင် မခန့်သင့်ကြောင်း၊ မက်ဂွဲရားဟာ အသင်းခေါင်းဆောင် ဖြစ်ထိုက်သူ မဟုတ်ကြောင်း ကစားသမားဟောင်း ပါကား ဝေဖန်ခဲ့ပါတယ်။

နှစ်ကုန်ထိ ကာလရှည် နားရမယ့် ဒဏ်ရာကြောင့် ပေါ့ဘာဟာ တကယ်လို့ ဇန်နဝါရီမှာသာ အသင်း ပြောင်းရွှေ့သွားဖြစ်တယ် ဆိုရင် မန်ချက်စတာ ယူနိုက်တက် အတွက် နောက်ဆုံးပွဲတောင် ကစားပြီးလိုက်ရပြီလို့ ဆိုရဖွယ် ရှိနေပါတယ်။

မန်ယူအနေနဲ့ အက်သလက်တီကို နောက်ခံလူ ထရစ်ပီယာကို ပစ်မှတ်ထားလျက်ရှိနေဆဲဖြစ်ကြောင်း AS က ဖော်ပြထားပါတယ်။ ထရစ်ပီယာ က အက်သလက်နဲ့ သက်တမ်းတိုးလိုခြင်း မရှိဘဲ အင်္ဂလန်ကို ပြန်လိုနေတာ ဖြစ်ပါတယ်။

စတိဗ် မက်မာနာမန်က လက်စတာနည်းပြ ရော်ဂျာအနေနဲ့ မန်ချက်စတာယူနိုက်တက်နဲ့ လိုက်ဖက်တဲ့ နည်းပြ မဟုတ်ကြောင်း၊ ရော်ဂျာအနေနဲ့ လီဗာပူးကို ကိုင်တွယ်ခဲ့တုန်းက သမိုင်းကြောင်း မလှခဲ့ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတွေ အရ ယူနိုက်တက် အသင်းသားတွေဟာ နည်းပြ အပြောင်းအလဲ လုပ်ဖို့ အတူတကွ တောင်းဆို ဖိအားပေးဖို့ စီစဉ်နေကြကြောင်း သတင်း ထွက်ပေါ်လာပါတယ်။