မန်ယူအသင်း အကြီးအကဲတွေက နည်းပြတန်ဟက်ကို မထုတ်သေးပါဘူး၊ အကြောင်းအရင်းကတော့ ..

လက်ရှိမှာ မန်ချက်စတာ ယူနိုက်တက်ဟာ ရလဒ်တွေ မကောင်းဘဲ ဆိုးရွားတဲ့ ရာသီစကို ပိုင်ဆိုင်နေပေမယ့်လို့ နည်းပြ တန်ဟက်ကို ရာထူးကနေ ထုတ်ပယ်ဖို့ စဉ်းစားနေခြင်း မရှိကြောင်း The Guardian သတင်းက ဖော်ပြသွားပါတယ်။

နည်းပြတန်ဟက်ရဲ့ ရာထူးနေရာဟာ လုံခြုံမှုရှိပြီး ကလပ် အကြီးအကဲတွေက နယ်သာလန်သားအပေါ် ဆက်လက် ယုံကြည်နေဆဲ ဖြစ်ပါတယ်။ ဒီရာသီ ယူနိုက်တက်တို့ ရုန်းကန်နေရခြင်းဟာ …

ဒဏ်ရာ ပြဿနာတွေကြောင့် အဖြစ် ကလပ် အကြီးအကဲတွေ ယုံကြည်နေတယ်။ လက်ရှိ အချိန်ထိ ယူနိုက်တက် အသင်းသား ၁၂ ဦးလောက်ကို ကြံ့ခိုင်မှုပိုင်း အခြေအနေတွေကြောင့် လက်လွတ်ရမှုတွေ ရှိထားပါတယ်။

မန်ယူနိုက်တက်ကတော့ အသက် ၅၃ နှစ်အရွယ် တန်ဟက်ဟာ ကလပ်ကို လမ်းကြောင်းမှန်တွေထံ ဆွဲတင်ပေးနိုင်မယ့် မန်နေဂျာအဖြစ် မျှော်လင့်ထားသလို မကြာခင်မှာ ရလဒ်ကောင်းတွေ ရလာမယ်လို့ မြင်ထားဆဲဖြစ်တယ်။

ဂါလာတာစရေးကို ရှုံးနိမ့်ခဲ့အပြီး နည်းပြတန်ဟက်ကပဲ သတင်းထောက်တွေကို ကလပ်ရဲ့ အကြီးအကဲတွေက သူ့ကို အားပေးထောက်ခံနေဆဲ ဖြစ်ကြောင်း ထုတ်ပြောထားပါတယ်။