ဗန်ဒီဘိခ်နဲ့ အန်ုတိုနီတို့ ပွဲထွက်၊ မိုင်နူးလွဲပြီး မန်ချက်စတာ ယူနိုက်တက် ၃ ဂိုးပြတ် နိုင်ခဲ့တဲ့ ကာရင်တန်က ကွင်းပိတ် ခြေစမ်းပွဲ

မနေ့က မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကာရင်တန် လေ့ကျင့်ရေးကွင်းမှာ မန်ယူနိုက်တက်အသင်း နဲ့ လိဂ်ဝမ်းကလပ် ဘန်စလေအသင်းတို့ တံခါးပိတ် ခြေစမ်းပွဲ ကစားခဲ့ရာ ယူနိုက်တက်ဘက်က ဗန်ဒီဘိခ် အန်တိုနီတို့ ပါဝင်ခဲ့ပြီး ဗန်ဒီဘိခ်က သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့သလို (၃)ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပါတယ်။

နိုင်ငံပွဲတွေအတွက် ရွေးချယ်မခံရတဲ့ စီနီယာတွေ ပွဲကစားခွင့်ရဖို့ စီစဉ်ခဲ့ခြင်းဖြစ်ကာ မန်ချက်စတာ ယူနိုက်တက်က သက်တောင့်သက်သာ ခြေစွမ်းဖြင့် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ ဒဏ်ရာကနေ သက်သာလာတဲ့ ကစားသမားတွေ ပါဝင်ခဲ့တယ်။

ယူနိုက်တက်နဲ့ အတူ ပွဲကစားခွင့် မရတာ ကြာပြီ ဖြစ်တဲ့ ဗန်ဒီဘိခ်နဲ့ အန်တိုနီ တို့ ပွဲထွက်လူစာရင်းကနေ ပါဝင် လာခဲ့သလို လူငယ်စတားတွေကို ပွဲထုတ်ခဲ့တယ်လို့ သိရပါတယ်။

အန်တိုနီ ဟာ ရည်းစားဟောင်းနဲ့ ဖြစ်နေတဲ့ အမှုကြောင့် ထရိန်နင်ကနေ နှစ်ပတ်ကြာ ခွင့်မဲ့ ပျက်ကွက်ခဲ့သေးကာ အသင်းနဲ့ ပြန်ပူးပေါင်းတာ မကြာသေးပါဘူး။ ဘရာဇီးသားဟာ ပြီးခဲ့တဲ့ ဂါလာတာစရေးနဲ့ ဘရန့်ဖိုဒ့် ပွဲတွေမှာ လူစားဝင် ကစားခဲ့ပါသေးတယ်။

ဒီရာသီ ယူနိုက်တက်အတွက် ၂၁ မိနစ်ပဲ ကစားပေးထားတဲ့ ဗန်ဒီဘိခ်က ဘရတ်စလေပွဲမှာ ကိုယ်တိုင် ဂိုးပါ သွင်းယူနိုင်ခဲ့ပါတယ်။ ကိုဘီကတော့ ဒဏ်ရာကနေ ပြန်သက်သာလာစမို့ မပါနိုင်ခဲ့ပါဘူး။

အသက် ၁၈ နှစ်အရွယ် ကြယ်ပွင့်လေးဟာ ရာသီကြိုမှာ ခြေကျင်းဝတ် ဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး ဒီတလော ဒဏ်ရာ ကနေ ပြန်သက်သာလာပေမယ့် ပွဲကစားခွင့် ပေးဖို့ကတော့ စောလွန်းနေသေးတာ ဖြစ်ပါတယ်။

ဒီပွဲစဉ်ကို လူငယ် ကွင်းလယ်ကစားသမားလေး မိုင်နူး ပါဝင်ဖို့ စီစဉ်ထားခဲ့ပေမယ့်လည်း ကြံခိုင်မှုအရ စိတ်မချရသေးတဲ့ အခြေအနေ ဖြစ်နေခဲ့တာကြောင့် ပါဝင်ခဲ့ခြင်း မရှိဘူးလို့ သိရှိရပါတယ်။