အသင်းကို မန်ယူ ပရိသတ်တွေ ဆန္ဒ ရှိသလို ရောင်းချင်ပေမယ့် အခက်ခဲတွေ ရှိကြောင်း ဖြေရှင်းလာတဲ့ ကလပ် အကြီးအကဲ
မန်ယူအသင်း အရောင်းအဝယ်ကိစ္စအပေါ် ပရိသတ်တွေရဲ့ လိုအင်ဆန္ဒကို အပြည့်အ၀ တန်ဖိုးထား အသိအမှတ်ပြု ပေမဲ့လည်း တစ်ဖက်မှာ လုပ်ရကိုင်ရ တဲ့ ကိစ္စတွေက ထင်သလောက် မလွယ်ကူတာမျိုး ရှိနေတယ်လို့ အမှုဆောင် အရာရှိချုပ် ရစ်ချတ်အာနိုးက ပြောပါတယ်။
ပရိသတ်တွေရဲ့ ဆန္ဒပြတောင်း ဆိုမှုတွေကြောင့် အသင်းပိုင်ရှင် ဂလေဇာ မိသားစုဟာ အိုးလ်ထရက်ဖို့ဒ် အခြေစိုက် ကလပ် ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလကတည်းက အရောင်းစာရင်း တင်ထားခဲ့တာပါ။

ဒါပေမဲ့ အခု တစ်နှစ်နီးပါးလောက် ကြာလာတဲ့အချိန်ကို အဖြေမပေါ် သေးတဲ့အပြင် အရောင်းအဝယ်ကိစ္စဟာ ပေရှည်ဦးမယ့် အနေအထားကို လည်း ရောက်လာနေပြီဖြစ်ပါတယ်။
လက်ရှိမှာ မန်ယူကို ဝယ်ဖို့အတွက် ချဉ်း ကပ်နေတဲ့ အဓိက ဝယ်လက်နှစ်ဦးရှိနေပြီး ကာတာဘဏ်လုပ်ငန်းရှင်သူဌေး ရှိတ်ဂျာဆင်နဲ့ ဗြိတိန်စီးပွားရေး လုပ်ငန်းရှင် ရက်ကလစ်ဖ်တို့ ရှိနေပါတယ်။
ဒါပေမဲ့ ဂလေဇာမိသားစုရဲ့ ရည်ရွယ်ချက်ဟာ မပြတ်မသားဖြစ်နေတဲ့အပြင် အရောင်းအဝယ်နဲ့ ပတ်သက်လို့ ကွင်းတွင်း ကွင်းပြင် ကိစ္စတော်တော်များများ ဟာလည်း လုပ်ရကိုင်ရ ခက်နေတာကြောင့် အခုလောက်အထိ အချိန်ကြာ နေတာဖြစ်ပါတယ်။
ဒီလိုမျိုး အရောင်းအဝယ်ကိစ္စနဲ့ပတ်သက်ပြီး အချိန်လင့် နေတဲ့ ကိစ္စအပေါ် မန်ယူပရိသတ်တွေနဲ့ ပတ်သက်တဲ့ ဖိုရမ်တစ်ခုမှာ အမှုဆောင်ချုပ် အာနိုးက ဖြေကြားလာခဲ့ပါတယ်။
၎င်းက ပြောခဲ့တဲ့ နေရာမှာတော့ အသင်းတာဝန်ရှိသူတွေဟာ တိကျတဲ့ ဆုံးဖြတ်ချက်ကို အတတ်နိုင်ဆုံး ချက်ချင်းဆိုသလိုမျိုး ထုတ်ပြန်ပေး ဖို့ ဆန္ဒမျိုး ရှိပေမဲ့လည်း တစ်ဖက်မှာ လုပ်ရကိုင်ရ ခက်ခဲတာမျိုးတွေရှိပြီး တိကျသေချာတဲ့ ရလဒ်တစ်ခု ထွက်မလာသေးသမျှ ကာလပတ်လုံး အတိ အကျ သတင်းထုတ်ပြန်ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောခဲ့ပါတယ်။
နောက် ပြီး အသင်းအပေါ်ထားတဲ့ ပရိသတ်တွေရဲ့ ထက်သန်တဲ့ ဆန္ဒကိုလည်း အသိ အမှတ်ပြုတယ်လို့ အာနိုးက ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပခဲ့တဲ့ မန်ယူပရိသတ်ဖိုရမ်မှာဆိုရင် အသင်းအမာခံပရိသတ်အဖွဲ့အစည်းတွေကနေ ကိုယ်စားပြုခွင့်ရတဲ့ ပရိသတ်တွေ တက်ရောက်ခွင့်ရခဲ့ပြီး ပွင်းလင်းမြင်သာမှု ရှိရှိ ဆွေးနွေးခဲ့ကြတာမျိုးတွေလည်း ရှိပါတယ်။