မန်ဒီ ဖွင့်ဟမှု၊ ဘာကလေ၊ မောင့်၊ ချူဝါမီနီတို့နဲ့ ယနေ့ နောက်ဆုံးရ ချဲလ်ဆီး သတင်းတိုများ

ပြီးခဲ့တဲ့ နွေက ချဲလ်ဆီး ပစ်မှတ်ထားခဲ့တဲ့ ဆီဗီလာ ခံစစ်မှုး ဂျူးလပ်စ် ကွန်ဒဲလ်ကို မန်ချက်စတာ ယူနိုက်တက်ကလည်း ချိန်ရွယ်နေပြီ ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ ကွန်ဒဲလ်ကို ရဖို့ နီးစပ်ခဲ့ပေမယ့် ညှိနှိုင်းမှု အဆင်မပြေတဲ့ အပြင် ချာလိုဘတ် ကို အခွင့်အရေး ပေးလိုတာကြောင့် နောက်ဆုတ်ခဲ့တာပါ။

ချဲလ်ဆီးနောက်ခံလူ ရီစီဂျိမ်းစ်က လက်ရှိအချိန်ဟာ သူ့ကစားသမားဘဝရဲ့ အကောင်းဆုံး အခိုက်အတန့်တွေဖြစ်ကြောင်း၊ လက်ရှိမှာ သူတို့ ချဲလ်ဆီးဟာ ရလဒ်ကောင်းမွန်နေပြီး ဖန်တီးမှုများစွာ ပြုလုပ်နိုင်နေကြောင်းဆိုခဲ့ပါတယ်။

ချဲလ်ဆီး ဂိုးသမား မန်ဒီက Ballon d’Or ဆု ဆန်ခါတင်စာရင်းမှာ ပါဝင်ခြင်း မရှိတာက သူ့ကို စိတ်ဓာတ်လှုံဆော်မှု ဖြစ်ပေါ်စေကြောင်း၊ တကယ်လို့ သူကပြင်သစ်လက်ရွေးစင်မှာ ကစားရင် တစ်မျိုးတစ်ဖုံပြောင်းလဲမလားဆိုတာ မသိကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဘန်လေ အသင်းဟာ ချဲလ်ဆီး ကွင်းလယ်ကစားသမား ရော့စ် ဘာကလေကို ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ဖို့ ထပ်မံ ကြိုးပမ်းဦးမှာ ဖြစ်ကြောင်း သိရပါတယ်။

ချဲလ်ဆီးပစ်မှတ်ထားနေတဲ့ မိုနာကိုကြယ်ပွင့် ချူဝါမီနီ က သူအနေနဲ့ ထိပ်သီးအသင်းတွေနဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့ အပေါ် ရင်ခုန်မိကြောင်း၊ လက်ရှိအချိန်မှာ မိုနာကိုအတွက်သာ အာရုံစိုက်ထားကြောင်းဆိုခဲ့ပါတယ်။

ချဲလ်ဆီးနဲ့ စာချုပ်သစ် သက်တမ်းတိုးဖို့ အခြေအနေ မထူးသေးတဲ့ ခံစစ်မှုး ရူဒီဂါကို စောင့်ကြည့်ချိန်ရွယ် နေတဲ့ အသင်းတွေထဲ မော်ရင်ညိုရဲ့ ရိုးမားအသင်းလည်း ပါဝင်လာပါတယ်။

ဒီရာသီမှာ ချဲလ်ဆီးမှာ တိုးတက်ဖို့ လိုနေသေးတဲ့ ကစားသမားတွေရှိနေသေးကြောင်း၊ မေဆန်မောင့်ဟာ ပြီးခဲ့တဲ့ရာသီက ပြသခဲ့တဲ့ ခြေစွမ်းမျိုး ရောက်အောင်ကို ဒီရာသီမှာ လုပ်ပြဖို့ လိုသေးကြောင်း ချဲလ်ဆီးကစားသမားဟောင်း ဇိုလာ က ထောက်ပြသွားခဲ့ပါတယ်။

ချဲလ်ဆီး နည်းစနစ် ဒါရိုက်တာဟောင်း မိုက်ကယ် အီမန်နာလိုဟာ ပိုင်ရှင်သစ် ပြောင်းထားတဲ့ နယူးကာဆယ် အသင်းမှာ ဘောလုံး ဒါရိုက်တာ ဖြစ်လာဖို့ အလားအလာ များနေပါတယ်။