အင်္ဂါနေ့ညက ယူရိုခြေစစ်ပွဲတွေမှာ ကစ်အလန်းစားတွေနဲ့ ဂိုးတွေ ကိုယ်စီသွင်းခဲ့ကြတဲ့ မန်ယူ တိုက်စစ်မှုးများ

မနေ့က အင်္ဂါနေ့ ညက ကစားခဲ့တဲ့ နိုင်ငံအသင်းပွဲစဉ်တွေမှာ မန်ယူတိုက်စစ်မှူး နှစ် ယောက်ဖြစ်တဲ့ တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်နဲ့ ရာမတ်စ်ဟွိုင်လန်းတို့ဟာ သက်ဆိုင်ရာ နိုင်ငံအသင်းတွေအတွက် ဂိုးတွေ သွင်းပြခဲ့ကြပါတယ်။

ဝင်ဘ လေမှာ ကစားခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲရဲ့ ဒုတိယပိုင်းမှာ အင်္ဂလန်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ အသင်းဖော် ဂျုဒ်ဘယ်လင်ဂမ်ရဲ့ ဖန်တီးပေးမှုကနေတစ်ဆင့် အင်္ဂလန်အတွက် ဒုတိယဂိုး သွင်းပေးခဲ့တာဖြစ်ပါတယ်။

ဒီဂိုးဟာ မန်ယူ ကျောနံပါတ် ၁၀ တိုက်စစ် ကစားသမားရဲ့ သင်္ကေတဖြစ်တဲ့ ဘယ်ခြမ်းကနေ ပြိုင်ဘက် ဂိုးဧရိယာထဲကို ဖြတ်ဝင်ပြီး အပြင်းကန်သွင်းသွားတဲ့ ပုံစံပါ။

ဒီဂိုးကန်ချက်ဟာ ပါဝါကောင်းလွန်းသလို တိကျမှုလည်း ရှိလွန်းတာကြောင့် ကမ္ဘာ့အကောင်း ဆုံး ဂိုးသမားလို့ တံဆိပ်ကပ်ထားတဲ့ ဂိုးသမား ဒွန်နာရမ်မာတောင် လှုပ်ချိန် မရလိုက်ဘူးဖြစ်သွားပါတယ်။

နောက်ပြီး ရက်ရှ်ဖို့ဒ်ဟာ ဒီပွဲမှာ အင်္ဂလန်ရဲ့ တိုက်စစ်အရှိန်ကို ပါဝါတင်ပေးတဲ့ ကစားသမားဖြစ်ခဲ့ပြီး အသင်း ခေါင်းဆောင် ဟယ်ရီကိန်း၊ ကွင်းလယ်လူ ဘယ်လင်ဂမ်၊ တောင့်ပံကစားသမား ဖိုဒန်တို့နဲ့ အတူ တွဲဖက်ရင်းနဲ့ ပွဲချိန်ပြည့် ကစားပေးသွားခဲ့တာဖြစ်ပါတယ်။

တစ်ဖက်မှာ မန်ယူတိုက်စစ်မှူး တစ်ယောက်ဖြစ်တဲ့ ဟွိုင်လန်းကလည်း ဒိန်းမတ်လက်ရွေး စင်အသင်းနဲ့အတူ ဂိုးသွင်းနိုင်ခဲ့ပါတယ်။

အသက် ၂၀ အရွယ် တိုက်စစ်မှူးဟာ ဆန်မာရီနိုနဲ့ ကစားခဲ့တဲ့ ယူရိုခြေစစ်ပွဲစဉ်မှာ ဒိန်းမတ်အသင်းအတွက် ဦး ဆောင်ဂိုးကို အသင်းဖော် ဒါရာမီရဲ့ ဖြတ်ပေးဘောကနေ ပြိုင်ဘက်အသင်း ပင်နယ်တီ ဧရိယာထဲကို အနီးကပ် ဖြတ်ဝင်ပြီး ဘယ်ခြေနဲ့ ဂိုးသွင်းယူပေးခဲ့ တာဖြစ်ပါတယ်။

ဒီကန်ချက်ဟာလည်း မန်ယူအသင်းဖော် ရက်ရှ်ဖို့ဒ်လိုပဲ ပြင်း ထန်အားပါတဲ့ ကန်ချက်မျိုး ဖြစ်ခဲ့ပါတယ်။

ဒီအတွက် သွင်းယူသွားတဲ့ ပုံစံချင်းကတော့ တည်နေရာ မတူတာမျိုးကလွဲပြီး ကျန်တဲ့နေရာတွေမှာတော့ မန်ယူကစားသမား ၂ ယောက်စလုံးဟာ ပါဝါကောင်းကောင်းနဲ့အတူ သပ်သပ် ရပ်ရပ် ဂိုးသွင်းခဲ့ကြတာလည်း ဖြစ်ပါတယ်။

တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကတော့ လက်ရှိမှာ ယူရိုခြေစစ်ပွဲ သွင်းဂိုး ၁ ဂိုးပဲ ရထားပြီး ဟွိုင်လန်းကတော့ လက်ရှိ အချိန်မှာ ယူရို ခြေစစ်ပွဲသွင်းဂိုး ၇ ဂိုးအထိ ရထားပြီဖြစ်ပါတယ်။