ဆိုးရှားကို ထုတ်ပြီး လက်စတာနည်းပြ ရော်ဂျာကို ခန့်ဖို့ လမ်းစတွေ့သွားပြီ ဖြစ်တဲ့ မန်ယူ
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဆိုးရှားကို ထုတ်ပယ်ဖြစ်ပါက လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာနဲ့ အစားထိုးနိုင်ဖို့ လမ်းစ တွေ့သွားပြီ ဖြစ်ပါတယ်။
မန်ချက်စတာဒါဘီမှာ အရေးနိမ့်ပြီးနောက် ဆိုးရှားဟာ ဖိအားတွေပိုများလာခဲ့ပြီး ယူနိုက်တက် တာဝန်ရှိသူတွေကလည်း အသင်းကနေ ထုတ်ပယ်ဖို့ စဉ်းစားနေကြပြီဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ဟာ နိုင်ငံတကာရက်သတ္တပတ်အပြီးမှာ ပွဲကြပ်တွေနဲ့ ရင်ဆိုင်ရမှာဖြစ်ကာ အဆိုပါပွဲတွေမှာ ဗီလာရီးရဲလ် ၊ ချဲလ်ဆီး နဲ့ အာဆင်နယ်တို့ ပါဝင်နေပါတယ်။
တကယ်လို့ ထိုပွဲတွေမှာသာ ဆိုးရှားအနေနဲ့ ရလဒ်တွေ မတိုးတက်ရင် ထုတ်ပယ်ဖွယ်ရှိနေကာ သတင်းတွေကတော့ လက်စတာ နည်းပြ ဘရန်ဒန် ရော်ဂျာဟာ ဆိုးရှားနေရာဝင်ဖို့ ထိပ်ဆုံးကနေ ဦးဆောင်နေတယ်လို့ ဖော်ပြနေကြပါတယ်။
ဒါပေမယ့် လက်စတာအသင်းဟာ လမ်းကြောင်းမှန်ပေါ် ရောက်အောင် ပို့ပေးနေတဲ့ နည်းပြ ရော်ဂျာကို ရာသီဝက်မှာ လက်လွှတ်ဖို့ မသေချာတာကြောင့် မန်ယူက စိုးရွံ့နေခဲ့တာပါ။ နောက်ဆုံး သတင်းတွေမှာတော့ ရော်ဂျာဟာ လက်စတာနဲ့ သဘောတူ စာချုပ်မှာ အသင်းကြီး တစ်သင်းသင်းက ကမ်းလှမ်းလာရင် ထွက်ခွာခွင့် ပြုရမယ်လို့ ပါရှိကြောင်း သိရပါတယ်။
ရော်ဂျာက လောလောဆယ် လက်ရှိ အသင်းမှာ ပျော်ရွှင်နေတယ်လို့ အတည်ပြုထားပါတယ်။ ဒါပေမယ့် ရော်ဂျာအနေနဲ့ ယူနိုက်တက် နည်းပြရာထူး ကမ်းလှမ်းလာပါက လက်ခံဖို့လည်း စဉ်းစားနေပါတယ်။
နော်ဝေသားကို မန်ယူနိုက်တက် ဘုတ်အဖွဲ့ကထောက်ခံထားဆဲဖြစ်ပေမယ့် ရလဒ်တွေအပေါ်မူတည်ပြီး ထုတ်ပယ်ဖို့ မပယ်ဖို့ ဆုံးဖြတ်ဖွယ် ရှိနေတာဖြစ်ပါတယ်။ မန်ယူအသင်းဟာ ခက်ခဲတဲ့ ရာသီတစ်ခုကို ဖြတ်ကျော်နေရကာ ၁၁ ပွဲ မှာ ၄ ပွဲအထိ အရေးနိမ့်ပြီးနောက် ထိပ်ဆုံးနေရာက ချဲလ်ဆီးနဲ့ ၉ မှတ်အထိ ကွာဟခဲ့ပြီဖြစ်ပါတယ်။

ZG
မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ ဆိုးရွားကို ထုတ္ပယ္ျဖစ္ပါက လက္စတာနည္းျပ ဘရန္ဒန္ေရာ္ဂ်ာနဲ႔ အစားထိုးႏိုင္ဖို႔ လမ္းစ ေတြ႔သြားျပီ ျဖစ္ပါတယ္။
မန္ခ်က္စတာဒါဘီမွာ အေရးနိမ့္ၿပီးေနာက္ ဆိုးရွားဟာ ဖိအားေတြပိုမ်ားလာခဲ့ၿပီး ယူႏိုက္တက္ တာဝန္ရွိသူေတြကလည္း အသင္းကေန ထုတ္ပယ္ဖို႔ စဥ္းစားေနၾကၿပီျဖစ္ပါတယ္။ ဒါေပမယ့္ ယူႏိုက္တက္ဟာ ႏိုင္ငံတကာရက္သတၱပတ္အၿပီးမွာ ပြဲၾကပ္ေတြနဲ႔ ရင္ဆိုင္ရမွာျဖစ္ကာ အဆိုပါပြဲေတြမွာ ဗီလာရီးရဲလ္ ၊ ခ်ဲလ္ဆီး နဲ႔ အာဆင္နယ္တို႔ ပါဝင္ေနပါတယ္။
တကယ္လို႔ ထိုပြဲေတြမွာသာ ဆိုးရွားအေနနဲ႔ ရလဒ္ေတြ မတိုးတက္ရင္ ထုတ္ပယ္ဖြယ္ရွိေနကာ သတင္းေတြကေတာ့ လက္စတာ နည္းျပ ဘရန္ဒန္ ေရာ္ဂ်ာဟာ ဆိုးရွားေနရာဝင္ဖို႔ ထိပ္ဆုံးကေန ဦးေဆာင္ေနတယ္လို႔ ေဖာ္ျပေနၾကပါတယ္။
ဒါေပမယ့္ လက္စတာအသင္းဟာ လမ္းေၾကာင္းမွန္ေပၚ ေရာက္ေအာင္ ပို႔ေပးေနတဲ့ နည္းျပ ေရာ္ဂ်ာကို ရာသီဝက္မွာ လက္လႊတ္ဖို႔ မေသခ်ာတာေၾကာင့္ မန္ယူက စိုးရြံ႕ေနခဲ့တာပါ။ ေနာက္ဆံုး သတင္းေတြမွာေတာ့ ေရာ္ဂ်ာဟာ လက္စတာနဲ႕ သေဘာတူ စာခ်ဳပ္မွာ အသင္းၾကီး တစ္သင္းသင္းက ကမ္းလွမ္းလာရင္ ထြက္ခြာခြင့္ ျပဳရမယ္လို႔ ပါရွိေၾကာင္း သိရပါတယ္။
ေရာ္ဂ်ာက ေလာေလာဆယ္ လက္ရွိ အသင္းမွာ ေပ်ာ္႐ႊင္ေနတယ္လို႔ အတည္ျပဳထားပါတယ္။ ဒါေပမယ့္ ေရာ္ဂ်ာအေနနဲ႔ ယူႏိုက္တက္ နည္းျပရာထူး ကမ္းလွမ္းလာပါက လက္ခံဖို႔လည္း စဥ္းစားေနပါတယ္။
ေနာ္ေဝသားကို မန္ယူႏိုက္တက္ ဘုတ္အဖြဲ႕ကေထာက္ခံထားဆဲျဖစ္ေပမယ့္ ရလဒ္ေတြအေပၚမူတည္ၿပီး ထုတ္ပယ္ဖို႔ မပယ္ဖို႔ ဆုံးျဖတ္ဖြယ္ ရွိေနတာျဖစ္ပါတယ္။ မန္ယူအသင္းဟာ ခက္ခဲတဲ့ ရာသီတစ္ခုကို ျဖတ္ေက်ာ္ေနရကာ ၁၁ ပြဲ မွာ ၄ ပြဲအထိ အေရးနိမ့္ၿပီးေနာက္ ထိပ္ဆုံးေနရာက ခ်ဲလ္ဆီးနဲ႔ ၉ မွတ္အထိ ကြာဟခဲ့ၿပီျဖစ္ပါတယ္။