မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေရော စီနီယာ ဝန်ထမ်းတွေကပါ ဆန်ချို ကို ဝိုင်းဝန်း တိုက်တွန်း တောင်းဆိုမှု ပြုလုပ်နေ
မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန် တောင်ပံ တိုက်စစ်သမား ဆန်ချိုအား နည်းပြ အဲရစ်တန်ဟက်နှင့် ပြဿနာ ချက်ချင်းပြေလည်မှု ရရှိရေး တောင်းပန်မှု လုပ်သွားဖို့ အသင်းဖော်တွေက တောင်းဆိုလာ ကြပါတယ်။
ဆန်ချိုရဲ့ မန်ချက်စတာယူနိုက်တက် ကစားဖော်များက တောင်ပံကစားသမားအား နည်းပြနှင့်တက်နေတဲ့ ပြဿနာကို ဖြေရှင်းရန် ချဉ်းကပ်တောင်းဆိုလာကြတာလည်း ဖြစ်ပါတယ်။

ဆန်ချိုဟာ အဲရစ်တန်ဟက်နှင့် လူသိရှင်ကြားပြဿနာတက်ပြီးနောက် ပထမအသင်းမှ ဖယ်ရှားခံရကာ အကယ်ဒမီ အသင်းနှင့် လေ့ကျင့်ခန်းဆင်းနေရပါတယ်။ ဆန်ချိုဟာ အဲရစ်တန်ဟက်အား တောင်းပန်ရန် ငြင်းဆိုနေတာလည်း ဖြစ်ပါတယ်။
ဒါကြောင့်လည်း ယူနိုက်တက်ကစားသမားများက ဆန်ချိုမှာ ပြဿနာကို ကြီးသထက် ကြီးအောင် လုပ်ဆောင်နေတယ်လို့ ယုံကြည်နေကြပါတယ်။
ယူနိုက်တက်ကစားသမားများက ဆန်ချိုရဲ့ လုပ်ရပ်များက မှားယွင်းနေပြီး အဲရစ်တန်ဟက်ကို တောင်းပန်ကာ ပထမ အသင်းနှင့် ပြန်လည်ပူးပေါင်းခွင့်ရရှိရေး လုပ်ဆောင်ရန် တိုက်တွန်းနေပါတယ်။
တဖက်တွင် ယူနိုက်တက်စီနီယာဝန်ထမ်းများကလည်း ဆန်ချိုဘက် ပြဿနာကို အမြန်ဆုံးဖြေရှင်းလိုပါက အဲရစ်တန်ဟက်ကို တောင်းပန်ရုံဖြင့် ပြီးဆုံးလာမှာဖြစ်ကြောင်း တိုက်တွန်းစကား ပြောကြားထားပါတယ်။
ဒါပေမဲ့ လက်ရှိအနေအထားအရ ဆန်ချိုဟာ အဲရစ်တန်ဟက်ကို တောင်းပန်မဲ့ အခြေအနေမျိုးမှာ မရှိဘဲ ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်တွင် အသင်းမှ ထွက်ခွာရန် ဆုံးဖြတ်ထားပြီးပြီလို့ ယူဆရပါတယ်။