ရှော နေရာအစားထိုးဖို့ သန်း ၅ဝ တန် နောက်ခံလူကို ပီအက်စ်ဂျီနဲ့ အပြိုင် ချိန်ရွယ်လာတဲ့ မန်ယူအသင်း
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အဓိက အားထားရတဲ့ ဘယ်အစွန်ကစားသမား လုခ်ရှော့ရဲ့ ကြွက်သားဒဏ်ရာကြောင့် အစားထိုးတဲ့ ပစ်မှတ် အနေဖြင့် အင်တာအသင်းရဲ့ ဥရောပအတွေ့ အကြုံများပြားတဲ့ နောက်တန်းအစွန်ကစားသမား ဒီမာကိုအား ခေါ်ယူရန် စိတ်ဝင်စားနေပါတယ်။
ဥရောပ သတင်းအချို့ အဆို အရ နည်းပြ တန်ဟတ် အနေဖြင့် လိုအပ်နေတဲ့ နောက်တန်းအစွန်နေရာ အတွက် ကစားသမားဖြည့်တင်းမှု ပြုလုပ်လိုနေပြီး ဒီမာကို ကို ချိန်ရွယ်နေတယ် လို့ ဆိုပါတယ်။

ယူနိုက်တက်ဘက်က ပီအက်စ်ဂျီအသင်းနဲ့အပြိုင် ဒီမာကိုအား ခေါ်ယူရန် စိတ်ဝင်စားနေပေမဲ့ အင်တာမီလန် အသင်းက သူတို့ ကစားသမား ဒီမာကို ကို ကာလရှည်စာချုပ်သက်တမ်းတိုးမြှင့် ချုပ်ဆိုရန် ဆန္ဒရှိနေတာလည်း ဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ပွဲစဉ် နိုင်ပွဲ ၄ ပွဲသာရထားတာကြောင့် ၈ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၁၂မှတ်သာ စုဆောင်းနိုင်ခဲ့ပါတယ်။
အဓိက လိုအပ်ချက်မြင့်မားတဲ့ ဘယ်နောက်တန်းအစွန်နေရာ အတွက် တော့တင်ဟမ် ကစားသမား ရီဂူလွန်ကို အငှားခေါ်ထားပေမဲ့ ကစားသမားက ထပ်မံဒဏ်ရာရသွားခဲ့တာကြောင့် ပိုအခက်တွေ့နေတာ ဖြစ်ပါတယ်။
စပိန်သတင်းစာ မန်ဒိုဒီပို့တီပို့ရဲ့ အဆိုအရ ယူနိုက်တက်အသင်းအနေဖြင့် လုခ်ရှောရဲ့ နေရာအတွက် ယာယီ အစားထိုးဖြေရှင်းမှုတစ်ရပ်အဖြစ် အသက် ၃၂အရွယ် ဘာစီလိုနာ နောက်တန်း အစွန်ကစားသမားကို ပစ်မှတ်ထားနေတဲ့ အကြောင်း သတင်းထွက်ပေါ်ခဲ့ပေဖူးပေမဲ့ တရားဝင် ကမ်းလှမ်းမပြုလုပ်သေးပါဘူး။
ယူနိုက်တက်အသင်းက ဒီမာကိုအား ခေါ်ယူနိုင်ရန် ပြင်သစ်ထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းနဲ့ အားပြိုင်ရဖွယ်ရှိနေတဲ့ အပြင် အင်တာမီလန်အသင်းဘက်ကလည်း ကစာသမားအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၅၀ ဝန်းကျင်ခန့်အထိ တောင်းဆိုလာနိုင်တာပဲ ဖြစ်ပါတယ်။