ရော်နယ်ဒိုထက် လစာပိုပေးဖို့ တောင်းနေတဲ့ ပေါ့ဘာ၊ နယူးကာဆယ် ပစ်မှတ် ၂ဦးနဲ့ မန်ယူ သတင်းတိုများ
မန်ယူမှာ ဆက်ရှိနေဖို့ မသေချာတော့တဲ့ ကွင်းလယ်သမား ပေါ့ဘာက စာချုပ် သက်တမ်းတိုးဖို့ ဆိုရင် လက်ရှိ ရော်နယ်ဒိုရနေတဲ့ လုပ်ခလစာထက်ပိုများပြီး ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အမြင့်ဆုံး လုပ်ခလစာကို အလိုရှိ နေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။
မန်ယူမှာ ဆိုးလ်ရှား လုပ်နိုင်တာ ဒါအကုန်ပဲဖြစ်ကြောင်း အာဆင်နယ်ဂန္ထဝင်ဟောင်း အီယန်ရိုက်က ဆိုလိုက်ပြီး မန်ယူ အနေနဲ့ ချဲလ်ဆီးကို နမူနာ ယူပြီး ကစားသမားဟောင်းတွေကို သံယောဇဉ် မတွယ်ကာ လမ်းခွဲသင့်ကြောင်း တိုက်တွန်းခဲ့ပါတယ်။
နယူးကာဆယ်အနေနဲ့ လောလောဆယ် လာမဲ့အပြောင်းအရွှေ့တွေမှာ ကစားသမား (၅) ဦးကို ပစ်မှတ်ထားနေရာ မန်ယူအသင်းမှ ဗန်ဒီဘိခ်နဲ့ လင်ဂတ် တို့ ပါဝင်နေပါတယ်။

စီရော်နယ်ဒိုအနေနဲ့ တကယ်လို့ ရာသီကုန်မှာ မန်ယူကနေ ပြန်လည်ထွက်ခွာခဲ့ရင် သူ့ကိုခေါ်ယူနိုင်တဲ့ အသင်း ၅ သင်း ရှိနေကြောင်း အင်္ဂလန်သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ထိုအသင်းတွေကတော့ ပီအက်စ်ဂျီ၊ မန်စီးတီး၊ ရီးရဲ၊ စပို့တင်းနဲ့ မေဂျာလိဂ် ကလပ်တွေ ဖြစ်ပါတယ်။
လာမဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ မန်ချက်စတာယူနိုက်အသင်းကနေ ဂိုးသမား ဒင်း ဟန်ဒါဆန်၊ နောက်ခံလူ ဖီးဂျုံးစ်နဲ့ ကွင်းလယ်လူ ဗန်ဒီဘတ်ချ်တို့ ထွက်ခွာဖို့ နီးစပ်လျက်ရှိနေကြောင်း သိရပါတယ်။
စပါးကိုရောက်ရှိသွားတဲ့ နည်းပြကွန်တီကို မန်ယူက ခေါ်ယူဖို့ ဘယ်တုန်းကမှ စိတ်ဝင်စားခဲ့ခြင်း မရှိကြောင်း၊ မန်ယူ က ဆိုးလ်ရှားကို ရာသီကုန်အထိ အသင်းမှာ ဆက်ထိန်းသွားမှာ ဖြစ်ကြောင်း မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က သုံးသပ်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ကတော့ သူတို့အနေနဲ့ လက်စတာနည်းပြ ရော်ဂျာကို ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်လျက် ရှိနေပါတယ်။ ဥရောပထိပ်သီးအသင်းကြီးတစ်သင်းက ခေါ်ယူဖို့ချဉ်းကပ်လာရင် ထွက်ခွာခွင့်ပြုရမယ်လို့ လက်စတာနဲ့ ရော်ဂျာတို့ ချုပ်ဆိုထားတဲ့ စာချုပ်ထဲမှာ ပါရှိပါတယ်။
မန်ယူအသင်းဟာ ကွင်းလယ်လူ ပေါ့ဂ်ဘာရဲ့ နေရာကို အစားထိုးဖို့အတွက် ဝက်စ်ဟမ်းကွင်းလယ်လူ ဒီလန်ရိုက်၊ အေစီကွင်းလယ်လူ ကက်ဆီနဲ့ မိုနာကိုကြယ်ပွင့် ချူဝါမီနီ တို့ကို ပစ်မှတ်ထားနေပါတယ်။