ဒီပွဲ သရေ လို့ အာရုံရနေကြောင်း မတင်မကျ ဆိုလာတဲ့ ဘာဘာတော့ဗ်ရဲ့ ရှက်ဖီး – မန်ယူ ပွဲကြို သုံးသပ်ခန့်မှန်းချက်

အောက်တိုဘာလထဲ နိုင်ငံပွဲတွေ ပြီးဆုံးပြီ ဖြစ်လို့ ဒီ အပတ်မှာ ပရီးမီးယားလိဂ် ပွဲတွေ ပြန်လည် စတင်တော့မှာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ကတော့ ရှက်ဖီးယူနိုက်တက်နဲ့ တွေ့ဆုံနေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ ဒီနှစ်သင်းဟာ မနက်ဖြန် စနေနေ့ ည ၁း၃ဝ နာရီ အချိန်မှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။

မန်ယူနဲ့ စပါး တိုက်စစ်မှုးဟောင်းကြီး ဘာဘာတော့ဗ်က ရှက်ဖီးနဲ့ မန်ချက်စတာ ယူနိုက်တက် တို့ ပွဲစဉ် အတွက် အခုလို ကြိုတင် သုံးသပ် ခန့်မှန်းထားပါတယ်။

ဘာဘာတော့ဗ် ပွဲကြို သုံးသပ်ချက်

ဒီပွဲက မန်ချက်စတာ ယူနိုက်တက် အတွက် ခက်ခဲတဲ့ စမ်းသပ်မှု တစ်ခုပါပဲ။ သူတို့က ခက်ခဲတဲ့ နေရာ တစ်ခုဆီ သွားရမှာပါ။ ရှက်ဖီးယူနိုက်တက်က အမှတ် ရဖို့ဆိုရင် ဘာမဆို လုပ်တော့မယ့် အနေအထားပါ။

မန်ချက်စတာယူနိုက်တက် အနေနဲ့ ပွဲ အပေါ် သေချာ အာရုံစိုက်ပြီး အမှတ်ရအောင် ယူမှ ဖြစ်ပါမယ်။ ဒီပွဲက သရေကျမယ် လို့ အာရုံရနေပေမယ့် မန်ယူနိုက်တက် အနိုင်လို့ပဲ ကျွန်တော် ရွေးချယ်ချင်ပါတယ်။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်

ရှက်ဖီး ၁-၂ မန်ချက်စတာ ယူနိုက်တက်။