ဒီည တန်းတက်ရှက်ဖီးကို မန်ယူက ဘယ်နှဂိုးနဲ့ အပြတ်တီးမလဲ ကြိုတင်ဟောကိန်းထုတ်သွားတဲ့ ဆရာကြီး ပေါမာဆန်
ဒီနေ့ ပရီးမီးယားလိဂ်ပွဲတွေ ပြန် ကစားရချိန်မှာ မန်ချက်စတာ ယူနိုက်တက်ကတော့ ရှက်ဖီးယူနိုက်တက်နဲ့ တွေ့ဆုံနေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ ပွဲချိန်ကတော့ ဒီနေ့ စနေနေ့ ည ၁း၃ဝ နာရီ အချိန်မှာ ယှဉ်ပြိုင် ကစားကြမှာပါ။
ဘောလုံးပွဲတွေ သုံးသပ်နေကြ ဝါရင့်ကြီး တစ်ဦး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်က က ရှက်ဖီးနဲ့ မန်ယူနိုက်တက် တို့ ပွဲစဉ် အတွက် အခုလို ကြိုတင် သုံးသပ် ခန့်မှန်းထားပါတယ်။

ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်
ဒီပွဲကို မန်ချက်စတာ ယူနိုက်တက်တို့ အနိုင်မယ်လို့ ထင်ပါတယ်။ မန်ယူနိုက်တက်နဲ့ဆိုရင် ဘာကို မျှော်လင့်နိုင်မယ် မှန်းရခက်ပါတယ်။ ဘရန့်ဖိုဒ့်ကို ရင်ဆိုင်ပြီး သူတို့ အနိုင်ရခဲ့တယ်။
ဘရန့်ဖိုဒ့်ကို ရင်ဆိုင်တဲ့ပွဲ ရှုံးနိမ့်ခဲ့မယ်ဆိုရင် တန်ဟက်အပေါ် မေးခွန်းထုတ်လာကြတော့မှာပါ။ နောက်ကျဂိုး ၂ ဂိုး ကြောင့် သူတို့ အနိုင်ရခဲ့တယ်။ ထိုက်တန်တဲ့ နိုင်ပွဲတော့ မဟုတ်ပါဘူး။ လူတိုင်းက ယူနိုက်တက်တို့ ပြန် ကောင်းလာပြီ လို့ မထင်ကြပဲ တိုးတက်လာဖို့ အဝေးကြီး လိုအပ်နေဆဲ ဖြစ်ပါတယ်။
ယူနိုက်တက်မှာ အပြောင်းအလဲတွေ လိုအပ်ပါတယ်။ ဂလေဇာတို့ကိုပဲ ဆက်ပြီး အပြစ်တင်နေပေမယ့် သူတို့က ကွင်းထဲ ဝင်ကစားနေကြသူတွေ မဟုတ်ပါဘူး။ ဘရန့်ဖိုဒ့်ပွဲမှာ တော်မီနေးက လူစာရင်း ကစားခဲ့ပြီး အဲ့လိုမှ မဟုတ်ရင် သူနဲ့ မက်ဂွဲရားတို့ ဇန်နဝါရီမှာ အသင်းပြောင်းနိုင်ပါတယ်။
ရှက်ဖီးတို့ အနိုင်ရမယ် မထင်ပါဘူး။ ဒီအခြေအနေ ပရီးမီးယားလိဂ်မှာ ဆက်နေဖို့ သူတို့ မလုံလောက်ပါဘူး။ တန်းတက် ကလပ်တွေထံက ဒါကို ကျနော်တို့ မြင်ထားပါပြီ။ မန်ယူနိုက်တက်ဘက်က ယုံကြည်မှုရှိရှိ မနေလိုပေမယ့် ဒီပွဲကို သူတို့ အနိုင်ရသင့်ပါတယ်။
ပေါမာဆန်ရဲ့ ပွဲ ခန့်မှန်းရလဒ်
ရှက်ဖီး ဝ-၃ မန်ချက်စတာ ယူနိုက်တက်