ဒီည မန်ယူ – နယူးကာဆယ်တို့ရဲ့ ကာရာဘောင်း ဖလားပွဲစဉ် အတွက် ကာရေဂါရဲ့ ပွဲကြို သုံးသပ် ခန့်မှန်းချက်
မန်ချက်စတာ ယူနိုက်တက် အသင်း က ဒီည အိုးထရက်ဖို့ဒ်ကွင်းမှာ ကာရာဘောင်းဖလား စတုတ္ထအဆင့် ပွဲစဉ် အဖြစ် နယူးကာဆယ် အသင်း ကို ဧည့်ခံ ကစားရဖို့ ရှိနေပါတယ်။ ကစားမယ့် ပွဲချိန်ကတော့ ဒီနေ့၊ ဗုဒ္ဓဟူးနေ့ည ၂း၄၅ နာရီ အချိန်မှာ ဖြစ်ပါတယ်။
လီဗာပူးအသင်း နောက်ခံလူဟောင်းကြီး ဂျင်မီ ကာရေဂါ က ယူနိုက်တက်နဲ့ နယူးကာဆယ် တို့ ပွဲစဉ် အတွက် ကြိုတင် သုံးသပ်ခန့်မှန်းမှု ပြုလုပ်ထားပါတယ်။

ကာရေဂါကတော့ လက်ရှိ ချန်ပီယံ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း ဘက်က ရှိနေတာပါ။
” ဒီပွဲမှာ ကျနော်ကတော့ မန်ချက်စတာ ယူနိုက်တက်ဘက်က ရှိနေမှာပါ။ သူတို့အသင်းမှာ ဒဏ်ရာ ပြဿနာတွေ အများကြီး ရှိတယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် အဲ့ဒီကစားသမားတွေထဲက နည်းနည်းလေး ပြန်ကစားနိုင်ရင်ကို သူတို့ လူစာရင်းက နယူးကာဆယ်ထက် ကျစ်လစ်ပါတယ်။
နှစ်သင်းလုံးက လူစာရင်း အပြောင်းအလဲတွေ ပြုလုပ်ပါလိမ့်မယ်။ ဒါပေမယ့် အိမ်ကွင်း အားသာချက်နဲ့အတူ မန်ချက်စတာ ယူနိုက်တက်က နောက်တစ်ဆင့်ကို တက်သွားပါလိမ့်မယ်။ ” လို့ ကာရေဂါကြီးက သုံးသပ်ထားပါတယ်။
ဂျင်မီ ကာရေဂါရဲ့ ပွဲ ခန့်မှန်းရလဒ် ကတော့ မန်ချက်စတာ ယူနိုက်တက် ၁-ဝ နယူးကာဆယ် ဖြစ်ပါတယ်။