ခွေးတွေလို ဖိုက်ကြ ဆိုတဲ့ တော်မီနေး၊ မန်ယူ နည်းပြ အပြောင်းအလဲ၊ အန်တိုနီအား ကာကွယ်ဆဲ တန်ဟက်နဲ့ မန်ချက်စတာ ယူနိုက်တက် နောက်ဆုံးထွက် သတင်းများ

နယူးကာဆယ်အသင်းဟာ လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက်ကတည်းက နည်းပြတန်ဟတ် ကို ခေါ်ယူခွင့်ရခဲ့ပေမယ့် စိတ်ဝင်စားခြင်း မရှိခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာပါတယ်။

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်ကစားသမား တော်မီနေးကတော့ လက်ရှိ နည်းပြ တန်ဟတ် ကို အပြည့်အ၀ ယုံကြည် စိတ်ချထားကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပြီး ၎င်းတို့တွေဟာ ခွေးတွေလို ပြိုင်ဘက်ကို ယှဉ်ဖိုက် ကစားဖို့ လိုအပ်နေကြောင်း အသင်းဖော်တွေအား တိုက်တွန်းသွားခဲ့ပါတယ်။

မန်ယူအသင်း တာဝန်ရှိသူတွေဟာ နည်းပြ တန်ဟက်ကို ထုတ်ပယ်ဖို့ စဉ်းစားနေပြီ ဖြစ်ကြောင်း အင်္ဂလန် The Times သတင်းက ဖော်ပြထားပြီး အစားထိုးဖို့ ဇီဒန်းနဲ့ စပို့တင်း နည်းပြကို ချိန်ထားပြီလို့ ဖော်ပြလာပါတယ်။

သတင်းထောက် ရိုမန်နိုကတော့ တန်ဟက်ကို မန်ချက်စတာ ယူနိုက်တက်ဘက်က ထောက်ခံဆဲ ဖြစ်ပြီး နည်းပြသစ် ရှာတဲ့ သတင်းတွေ မဟုတ်ကြောင်း ဆိုထားပြန်ပါတယ်။

မန်ယူအသင်းနည်းပြ တန်ဟတ် ကတော့ လက်ရှိရာသီ ပုံစံကောင်း ရှာမတွေ့သေးတဲ့ သူ့ တပည့်ကျော် တိုက်စစ်မှုး အန်တိုနီဘက်က ထောက်ခံပြောဆိုသွားခဲ့ပါတယ်။

တိုက်စစ်မှူးသစ် ထပ်ရှာဖို့ စီစဉ်နေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လာမယ့်နွေ ဘရန့်ဖို့ဒ် တိုက်စစ်မှူး တိုနေးကို ချိန်ရွယ်ထားကြောင်း သိရပါတယ်။

တိုနေး ကို လန်ဒန်ကလပ်တွေ ဖြစ်တဲ့ ချယ်ဆီးနဲ့ အာဆင်နယ်တို့ကလည်း ချိန်ရွယ်နေပြီး နောက်ဆုံး သတင်းတွေ အရ ဘရန့်ဖို့ဒ်က ပေါင် သန်း ၁ဝဝ ဈေးသတ်မှတ်ထားကြောင်းလည်း သတင်းထွက်နေပါတယ်။

မန်ယူအသင်း နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်ကတော့ လက်ရှိ အသင်းနည်းပြ တန်ဟတ် ရဲ့ အနာဂတ်က တဖြည်းဖြည်း စိုးရိမ်စရာ ကောင်းလာခဲ့ပြီ ဖြစ်ကြောင်း သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။