ဖာနန်ဒက်စ် က အသင်းခေါင်းဆောင် မဟုတ်ဘူး လို့ ပြောလိုက်တဲ့ ဂိုးသမား ဒီဂီယာ ရဲ့ စကားလုံး နောက်ကွယ်

မန်ချက်စတာယူနိုက်တက် ဂိုးသမားဟောင်း ဒီဂီယာကတော့ ဖာနန်ဒက်စ်ဟာ အသင်းခေါင်းဆောင်စစ်စစ် တစ်ယောက် မဟုတ်ဘူး လို့ သူ့အသင်းဖော်ဟောင်းဘက်က လိုက်တဲ့ အနေနဲ့ ထုတ်ဖော်ရေးသားသွားခဲ့ပါတယ်။

ဖူဟမ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ တစ်လုံးထဲသော အနိုင်ဂိုး သွင်းယူပေးခဲ့တဲ့ ဖာနန်ဒက်စ်ကို ပရိသတ်တွေ ချီးကျူးနေကြပေမယ့် ဒီဂီယာကတော့ ဖာနန်ဒက်စ်ဟာ အသင်းခေါင်းဆောင် ရာထူးနဲ့ ထိုက်တန်သူ တစ်ယောက် မဟုတ်ကြောင်း ရေးသားလိုက်တာကြောင့် ပရိသတ်တွေက အံ့အားသင့်နေကြပါတယ်။

မန်ယူအသင်း ခေါင်းဆောင်ဟောင်း ရွိုင်ကိန်းကိုယ်တိုင်ကလည်း ဖာနန်ဒက်စ်ဟာ ကစားသမားကောင်း တစ်ယောက် ဖြစ်ပေမယ့် မန်ယူအသင်း ခေါင်းဆောင် ရာထူးနဲ့ ထိုက်တန်သူ တစ်ယောက် မဟုတ်ကြောင်း ပြောဆိုခဲ့ဖူးသလို ယခုတစ်ခေါက်မှာတော့ ဒီဂီယာကပါ ဖာနန်ဒက်စ်ရဲ့ ခေါင်းဆောင်နိုင်မှု အရည်အသွေးတွေကို သုံးသပ်ပြသွားခဲ့တာ ဖြစ်ပါတယ်။

ဒီဂီယာက ဆိုရှယ်မီဒီယာကတစ်ဆင့် “ မင်းက အသင်းအတွက် သင့်တော်တဲ့ ခေါင်းဆောင်တစ်ယောက်မဟုတ်ဘူး ” ဆိုပြီး ရေးသားသွားခဲ့တာကြောင့် ပရိသတ်တွေက ဒီဂီယာရဲ့ မှတ်ချက်အပေါ် စိတ်ဝင်စားမှုတွေ မြင့်တက်နေပါတယ်။

ဖာနန်ဒက်စ်ဟာ မကြာခဏဆိုသလို အသင်းဖော်တွေရဲ့ အားနည်းချက်တွေမြင်တိုင်း ကွင်းအတွင်း ညီးညူနေတက်ပြီး ကွင်းလယ်ဒိုင်အပေါ်မှာလည်း အပေါ်စီးကနေ ဖိအားပေးနိုင်စွမ်း ရှိသူ တစ်ယောက်မဟုတ်တာကြောင့် အချို့ ကစားဟောင်းတွေရဲ့ အမြင်မှာ ယခုလို ရှုမြင်ခံနေရတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီဂီယာရဲ့ ယခုတစ်ခေါက် ရေးသားခဲ့မှုဟာ ဖာနန်ဒက်စ်အပေါ် အားပေးထောက်ခံခဲ့တဲ့ သဘောဖြစ်ပြီး ကစားသမားဟောင်းတွေရဲ့ ဝေဖန်မှုကို ပြန်လည်တုန့်ပြန်သွားတဲ့ သဘော ပြောခဲ့တာ ဖြစ်ပါတယ်။