မက်ဆီနဲ့ စာချုပ်ချုပ်ရာမှာ Crypto အွန်လိုင်းငွေကြေး ထည့်သွင်းပေးချေခဲ့တဲ့ ပီအက်စ်ဂျီ
လီယွန်နယ် မက်ဆီတစ်ယောက် ဘာစီလိုနာက ထွက်ခွာပြီး ပီအက်စ်ဂျီနဲ့ ၂နှစ်စာချုပ် ချုပ်ဆိုခဲ့ရာမှာ သန်းပေါင်းများစွာတန်တဲ့ Cryptocurrency ငွေပေးချေမှုတွေ ပါဝင်ခဲ့ပါတယ်။
ရိုက်တာသတင်းဌာနရဲ့ ဖော်ပြချက်အရ ၃၄နှစ်သားဟာ အဆိုပါ အပြောင်းအရွှေ့အတွက်PSG Fan တိုကင်တွေကို ငွေပေးချေမှု ၁စိတ်၁ပိုင်းအနေနဲ့ ရရှိသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ပီအက်စ်ဂျီရဲ့ ထုတ်ပြန်ချက်မှာ “PSG Fan တိုကင်တွေကို ကစားသမားရဲ့ငွေပေးချေမှုမှာ ထည့်သွင်းလိုက်ခြင်းက ကမ္ဘာတစ်ဝှမ်းက သန်းပေါင်းများစွာသော ပရိသတ်အသိုင်းအဝိုင်းနဲ့ ချက်ချင်းဆိုသလို ချိတ်ဆက်မှု ဖြစ်ပေါ်စေပါတယ်”လို့ ဆိုထားပါတယ်။
အဆိုပါ တိုကင်တွေဟာ ကလပ်ရဲ့ အသေးစာ ကိစ္စရပ်တွေမှာ ပရိသတ်တွေ မဲပေးနိုင်ဖို့အတွက် အသုံးပြုတဲ့ cryptocurrency တစ်မျိုးလို့ အဆိုပါသတင်းမှာ ဖော်ပြထားပြီး အဆိုပါ တိုကင်တွေကိုတော့ ပီအက်စ်ဂျီနဲ့ အခြားကလပ်တွေကို တိုကင်စပွန်ဆာပေးထားပြီး တစ်နှစ်ကို ဒေါ်လာ သန်း၂၀၀ ကျော် ထုတ်လုပ်ပေးနေတဲ့ Socios.co mက ပေးသွားမှာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီရဲ့ Coin Trading တန်ဖိုးကလည်း မက်ဆီ ရောက်လာပြီး ရက်ပိုင်းအတွင်းမှာတင် ဒေါ်လာ ၁.၂ဘီလီယံအထိ ထိုးတက် လာကြောင်း အသင်းက ဆိုပါတယ်။
အခြားတစ်ဖက်မှာတော့ Forbesသတင်းဌာနရဲ့ ဖော်ပြချက်အရ ၂၀၂၁ခုနှစ်အတွင်း လစာအများဆုံး အားကစားသမားတွေက မက်ဂရီဂေါ် မက်ဆီနဲ့ ရော်နယ်ဒိုတို့ ဖြစ်ကြောင်း သိရပါတယ်။

ZG
လီယြန္နယ္ မက္ဆီတစ္ေယာက္ ဘာစီလိုနာက ထြက္ခြာၿပီး ပီအက္စ္ဂ်ီနဲ႔ ၂ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ရာမွာ သန္းေပါင္းမ်ားစြာတန္တဲ့ Cryptocurrency ေငြေပးေခ်မႈေတြ ပါဝင္ခဲ့ပါတယ္။
႐ိုက္တာသတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ၃၄ႏွစ္သားဟာ အဆိုပါ အေျပာင္းအေ႐ႊ႕အတြက္PSG Fan တိုကင္ေတြကို ေငြေပးေခ်မႈ ၁စိတ္၁ပိုင္းအေနနဲ႔ ရရွိသြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။
ပီအက္စ္ဂ်ီရဲ႕ ထုတ္ျပန္ခ်က္မွာ “PSG Fan တိုကင္ေတြကို ကစားသမားရဲ႕ေငြေပးေခ်မႈမွာ ထည့္သြင္းလိုက္ျခင္းက ကမာၻတစ္ဝွမ္းက သန္းေပါင္းမ်ားစြာေသာ ပရိသတ္အသိုင္းအဝိုင္းနဲ႔ ခ်က္ခ်င္းဆိုသလို ခ်ိတ္ဆက္မႈ ျဖစ္ေပၚေစပါတယ္”လို႔ ဆိုထားပါတယ္။
အဆိုပါ တိုကင္ေတြဟာ ကလပ္ရဲ႕ အေသးစာ ကိစၥရပ္ေတြမွာ ပရိသတ္ေတြ မဲေပးႏိုင္ဖို႔အတြက္ အသုံးျပဳတဲ့ cryptocurrency တစ္မ်ိဳးလို႔ အဆိုပါသတင္းမွာ ေဖာ္ျပထားၿပီး အဆိုပါ တိုကင္ေတြကိုေတာ့ ပီအက္စ္ဂ်ီနဲ႔ အျခားကလပ္ေတြကို တိုကင္စပြန္ဆာေပးထားၿပီး တစ္ႏွစ္ကို ေဒၚလာ သန္း၂၀၀ ေက်ာ္ ထုတ္လုပ္ေပးေနတဲ့ Socios.co mက ေပးသြားမွာ ျဖစ္ပါတယ္။
ပီအက္စ္ဂ်ီရဲ႕ Coin Trading တန္ဖိုးကလည္း မက္ဆီ ေရာက္လာၿပီး ရက္ပိုင္းအတြင္းမွာတင္ ေဒၚလာ ၁.၂ဘီလီယံအထိ ထိုးတက္ လာေၾကာင္း အသင္းက ဆိုပါတယ္။
အျခားတစ္ဖက္မွာေတာ့ Forbesသတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ၂၀၂၁ခုႏွစ္အတြင္း လစာအမ်ားဆုံး အားကစားသမားေတြက မက္ဂရီေဂၚ မက္ဆီနဲ႔ ေရာ္နယ္ဒိုတို႔ ျဖစ္ေၾကာင္း သိရပါတယ္။