အစောပိုင်း အမှားတွေကြောင့် ဝေဖန်ခံခဲ့ရပေမယ့် မန်ယူ ဂိုးသမား အိုနာနာ ဒီရာသီ ရွှေလက်အိတ်ဆု ရသွားနိုင်မလား
မန်ချက်စတာ ယူနိုက်တက်ဟာ နောက်ဆုံး ကစားထားတဲ့ ပရီးမီးယားလိဂ် ၂ပွဲ ဆက်တိုက် ဂိုးမပေးရဘဲ Clean Sheet နဲ့ နိုင်ပွဲတွေ ရခဲ့တာကြောင့် မန်ယူဂိုးသမား အိုနာနာဟာ ပရီးမီးယားလိဂ် ရွှေလက်အိတ်ဆုအတွက် ပြေးလမ်းမှာ ဒုတိယနေရာ အံ့အားသင့်ဖွယ် ရောက်လာခဲ့ပါတယ်။
မန်ချက်စတာ ကလပ် ဟာ ပြီးခဲ့တဲ့စနေည အိုးလ်ထရက်ဖို့ဒ်ကပွဲမှာ လူတန်တောင်းကို ၁-၀ နဲ့ အနိုင်ရခဲတာပါ။

အသင်းခံစစ်မှာ ဒဏ်ရာပြသနာများစွာရှိနေပေမယ့် ကင်မရွန်းသားဟာ မန်ယူအသင်း ဂိုးမပေးရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
အခုဆို ဒီရာသီပရီးမီးယားလိဂ်မှာ မန်ယူရဲ့ပေးဂိုးမဲ့ Clean Sheet ပွဲအရေအတွက်ဟာ ၄ ပွဲအထိ ရှိလာခဲ့တာပါ။ အဲဒါကြောင့်လည်း အိုနာနာဟာ ဒီရာသီရွှေလက်အိတ်ဆုအတွက် မျှော်လင့်ရှိလာခဲ့ပါတယ်။
လက်ရိမှာ ပရီးမီးယားလိဂ်ရွှေလက်အိပ်ဆုအတွက် ပူးတွဲဦးဆောင်နေတာက ၅ ပွဲစီ ပေးဂိုးမရှိကြတဲ့ ပဲလေ့စ်ဂိုးသမား ဆမ်ဂျွန်စတုန်းနဲ့ နယူးကာဆယ်ဂိုးသမားနစ်ခ်ပုပ်တို့ပါ။
ဒုတိယနေရာမှာတော့ အိုနာနာအပါအဝင် ပူးတွဲ ၄ ယောက် ရှိနေကြပါတယ်။ ဒုတိယနေရာရဲ့ကျန်တဲ့ပူးတွဲ ၃ ယောက် ကတော့ စပါးက ဗီကာရီယို၊ အာဆင်နယ်က ဒေးဗစ်ရာယာနဲ့ မန်စီးတီးက အီဒါဆန်တို့ပါ။
ဒီရပ်တည်မှုစာရင်းမှာ အိုနာနာ ဒုတိယနေရာရောက်လာတာဟာ အံ့သြစရာဖြစ်ပြီး ရာသီအစောပိုင်းကဆို အမှားတွေ ဆက်တိုက်လုပ်ခဲ့လို့ အပြင်းထန်ဆုံးဝေဖန်မှုတွေအောက်ကို သူရောက်ခဲ့ရပါတယ်။
ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ရွှေလက်အိတ်ဆုကို စုစုပေါင်း ပေးဂိုးမဲ့ပွဲ ၁၇ ပွဲနဲ့ မန်ယူဂိုးသမားဟောင်း ဒီဂီယာ ဆွတ်ခူးခဲ့ပြီး စပိန်သားရဲ့ခြေရာကို အိုနာနာနင်းနိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။