နယူးကာဆယ် တန်းဆင်းသွားရအောင် ဝိုင်းချောက်ချဖို့ တိုင်ပင်ထားကြတဲ့ ပရီးမီးယားလိဂ် ကလပ်များ

နယူးကာဆယ် ယူနိုက်တက်အသင်းရဲ့ နည်းပြသစ် ဖြစ်လာခဲ့ရတဲ့ အက်ဒီဟောင်းက သူ့အနေနဲ့ အသင်းကို ပရီးမီးယားလိဂ်မှာ ရှင်သန်အောင် လုပ်ဆောင်သွားမှာဖြစ်ပေမယ့် အသင်းကို တန်းမဆင်းရစေဘူးဆိုတဲ့ ကတိမျိုးတော့ မပေးနိုင်ဘူးလို့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုထားပါတယ်။

ပရီးမီးယားလိဂ်က ကလပ်အသင်းများစွာကလည်း ဆော်ဒီငွေကြေးတွေ စီးဆင်းနေတဲ့ နယူးကာဆယ်အသင်းကို ပြိုင်ပွဲအတွင်း ဆက်လက်မြင်တွေ့လိုစိတ် မရှိပဲ တန်းဆင်းသွားဖို့ကိုသာ လိုလားနေကြတာပါ။

ဆော်ဒီငွေကြေးတွေ စီးဆင်းလျက်ရှိနေတဲ့ နယူးကာဆယ်အသင်းကို ကျန်တဲ့ ပရီးမီးယားလိဂ် ကလပ်အသင်းတွေက ပြိုင်ပွဲကနေ တန်းဆင်းသွားချင်နေတာကြောင့် လာမယ့် ဆောင်းဈေးကွက်အတွင်းမှာပါ နယူးကာဆယ်အသင်းဆီကို သူတို့ရဲ့ ကစားသမားတွေ ရောင်းချခြင်း မပြုလုပ်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။

နယူးကာဆယ်ဟာ ဒီနှစ်ဘောလုံးရာသီအတွင်းမှာလည်း ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း နိုင်ပွဲတစ်ပွဲမှကို မရရှိထားတဲ့ တစ်သင်းတည်းသော ကလပ် အသင်း အဖြစ် အမှတ်ပေးဇယားရဲ့ အဆင့်(၁၉)နေရာထိကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

ဒီလို အခြေအနေတွေကြောင့် နယူးကာဆယ်အသင်းဟာ ရာသီအကုန်မှာ တန်းဆင်းရနိုင်ခြေ အမြင့်ဆုံး အနေအထားမှာ ရှိနေတဲ့အတွက် အသင်းပိုင်ရှင်တွေက ဘုန်းမောက်နည်းပြဟောင်း အက်ဒီဟောင်းကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့သလို ဆောင်းဈေးကွက်ထဲမှာလည်း ပရီးမီးယားလိဂ် ကစားသမား အများအပြားကို ခေါ်ယူဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဆော်ဒီငွေကြေးများနဲ့ ကလပ်အသင်းကြီး တစ်သင်းပါ ဖြစ်လာဖွယ် ရှိနေတဲ့ နယူးကာဆယ်အသင်းကို ကျန်ပရီးမီးယားလိဂ် ကလပ်အသင်းတွေက မကျေနပ်တာကြောင့် လာမယ့်ဈေးကွက်အတွင်း “Anyone but Newcastle” ဆိုတဲ့ အပြောင်းအရွှေ့ပေါ်လစီကို ကျင့်သုံးလာနိုင်ပြီး နယူးကာဆယ်ကလွဲပြီး ကျန်တဲ့ ကလပ်အသင်းတွေကိုသာ ကစားသမား ရောင်းချမှုကို ပြုလုပ်လာနိုင်တယ်လို့ အပြောင်းအရွှေ့ဂုရုတစ်ဦးက သုံးသပ်လို့ထားပါတယ်။

နယူးကာဆယ်အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ ဗန်ဒယ်ဘိခ် ဘိုင်လီ မာရှယ်၊ လင်ဂတ်အပြင် ဘန်လေနောက်ခံလူ တာကောစကီး အပါအဝင် ပရီးမီးယားလိဂ်က နာမည်ရ ကစားသမား အများအပြားကို ခေါ်ယူသွားဖို့ စီစဉ်နေပေမယ့် အသင်းတွေကတော့ သူတို့အတွက် ဝင်ငွေရဖို့ထက် နယူးကာဆယ်ကို တန်းဆင်းဖို့သာ လိုလားတာကြောင့် ကစားသမား ရောင်းချခြင်း မပြုလုပ်ဖို့သာ ဆုံးဖြတ်ဖွယ် ရှိနေပါတယ်။

ZG

နယူးကာဆယ္ ယူႏိုက္တက္အသင္းရဲ႕ နည္းျပသစ္ ျဖစ္လာခဲ့ရတဲ့ အက္ဒီေဟာင္းက သူ႔အေနနဲ႔ အသင္းကို ပရီးမီးယားလိဂ္မွာ ရွင္သန္ေအာင္ လုပ္ေဆာင္သြားမွာျဖစ္ေပမယ့္ အသင္းကို တန္းမဆင္းရေစဘူးဆိုတဲ့ ကတိမ်ိဳးေတာ့ မေပးႏိုင္ဘူးလို႔ သတင္းစာရွင္းလင္းပြဲအတြင္း ေျပာဆိုထားပါတယ္။

ပရီးမီးယားလိဂ္က ကလပ္အသင္းမ်ားစြာကလည္း ေဆာ္ဒီေငြေၾကးေတြ စီးဆင္းေနတဲ့ နယူးကာဆယ္အသင္းကို ၿပိဳင္ပြဲအတြင္း ဆက္လက္ျမင္ေတြ႕လိုစိတ္ မရွိပဲ တန္းဆင္းသြားဖို႔ကိုသာ လိုလားေနၾကတာပါ။

ေဆာ္ဒီေငြေၾကးေတြ စီးဆင္းလ်က္ရွိေနတဲ့ နယူးကာဆယ္အသင္းကို က်န္တဲ့ ပရီးမီးယားလိဂ္ ကလပ္အသင္းေတြက ၿပိဳင္ပြဲကေန တန္းဆင္းသြားခ်င္ေနတာေၾကာင့္ လာမယ့္ ေဆာင္းေစ်းကြက္အတြင္းမွာပါ နယူးကာဆယ္အသင္းဆီကို သူတို႔ရဲ႕ ကစားသမားေတြ ေရာင္းခ်ျခင္း မျပဳလုပ္ဖြယ္ ရွိေနတယ္လို႔ သိရပါတယ္။

နယူးကာဆယ္ဟာ ဒီႏွစ္ေဘာလုံးရာသီအတြင္းမွာလည္း ပရီးမီးယားလိဂ္ၿပိဳင္ပြဲအတြင္း ႏိုင္ပြဲတစ္ပြဲမွကို မရရွိထားတဲ့ တစ္သင္းတည္းေသာ ကလပ္ အသင္း အျဖစ္ အမွတ္ေပးဇယားရဲ႕ အဆင့္(၁၉)ေနရာထိကို ေရာက္ရွိေနတာ ျဖစ္ပါတယ္။

ဒီလို အေျခအေနေတြေၾကာင့္ နယူးကာဆယ္အသင္းဟာ ရာသီအကုန္မွာ တန္းဆင္းရႏိုင္ေျခ အျမင့္ဆုံး အေနအထားမွာ ရွိေနတဲ့အတြက္ အသင္းပိုင္ရွင္ေတြက ဘုန္းေမာက္နည္းျပေဟာင္း အက္ဒီေဟာင္းကို နည္းျပသစ္အျဖစ္ ခန႔္အပ္ခဲ့သလို ေဆာင္းေစ်းကြက္ထဲမွာလည္း ပရီးမီးယားလိဂ္ ကစားသမား အမ်ားအျပားကို ေခၚယူဖို႔ ျပင္ဆင္ေနတာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေဆာ္ဒီေငြေၾကးမ်ားနဲ႔ ကလပ္အသင္းႀကီး တစ္သင္းပါ ျဖစ္လာဖြယ္ ရွိေနတဲ့ နယူးကာဆယ္အသင္းကို က်န္ပရီးမီးယားလိဂ္ ကလပ္အသင္းေတြက မေက်နပ္တာေၾကာင့္ လာမယ့္ေစ်းကြက္အတြင္း “Anyone but Newcastle” ဆိုတဲ့ အေျပာင္းအေ႐ႊ႕ေပၚလစီကို က်င့္သုံးလာႏိုင္ၿပီး နယူးကာဆယ္ကလြဲၿပီး က်န္တဲ့ ကလပ္အသင္းေတြကိုသာ ကစားသမား ေရာင္းခ်မႈကို ျပဳလုပ္လာႏိုင္တယ္လို႔ အေျပာင္းအေ႐ႊ႕ဂု႐ုတစ္ဦးက သုံးသပ္လို႔ထားပါတယ္။

နယူးကာဆယ္အသင္းဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ကစားသမားေတြျဖစ္တဲ့ ဗန္ဒယ္ဘိခ္ ဘိုင္လီ မာရွယ္၊ လင္ဂတ္အျပင္ ဘန္ေလေနာက္ခံလူ တာေကာစကီး အပါအဝင္ ပရီးမီးယားလိဂ္က နာမည္ရ ကစားသမား အမ်ားအျပားကို ေခၚယူသြားဖို႔ စီစဥ္ေနေပမယ့္ အသင္းေတြကေတာ့ သူတို႔အတြက္ ဝင္ေငြရဖို႔ထက္ နယူးကာဆယ္ကို တန္းဆင္းဖို႔သာ လိုလားတာေၾကာင့္ ကစားသမား ေရာင္းခ်ျခင္း မျပဳလုပ္ဖို႔သာ ဆုံးျဖတ္ဖြယ္ ရွိေနပါတယ္။