ကွင်းထဲမှာသာ ရှိနေရင် ထ ထိုးမိတယ်လို့ မက်ဂွဲရားကို ခါးခါးသီးသီး ဝေဖန်လိုက်တဲ့ ရွိုင်ကိန်း

အယ်လ်ဘေးနီးယားနဲ့ပွဲမှာ အင်္ဂလန်အတွက် အဖွင့်ဂိုးသွင်းယူပေးပြီးနောက် ဒူးထောက်အောင်ပွဲခံကာ နားရွက်နှစ်ဖက်မှာ လက်ကပ်ပြီး နားစွန့်ဟန် ပွဲခံခဲ့တဲ့ ဟယ်ရီမက်ဂွိုင်းယားရဲ့ အပြုအမူကို ဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်ခဲ့တဲ့ ရွိုင်ကိန်းက ပြစ်တင်ပြောဆိုလိုက်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင်ဟာ ဂိုးသွင်းပြီးနောက် အောင်ပွဲခံခဲ့မှုဟာ သူ့အပေါ်ဝေဖန်သူတွေကို ပါးစပ်ပိတ်နေဖို့ ရည်ရွယ်ခဲ့တာလို့လည်း ကိန်းက စွပ်စွဲခဲ့ပါတယ်။

ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ ယူနိုက်တက်ခံစစ်ပိုင်းအတွက် ဆိုးရွားတဲ့ခြေစွမ်းတွေ၊ ခေါင်းဆောင်မှုတွေကိုသာ ပြုလုပ်ခဲ့တဲ့ မက်ဂွိုင်းယားကို ရွိုင်ကိန်းက အမြင်မကြည်လင်ပဲ ရှိနေခဲ့ပါတယ်။ ဒါကြောင့်လည်း တောက်လျှောက် ဝေဖန်ပြစ်တင် နေခဲ့တာဖြစ်ပြီး မက်ဂွိုင်းယားကလည်း ဂိုးသွင်းအပြီးမှာ နားရွက်ပိတ်အောင်ပွဲခံခဲ့တာကြောင့် ကိန်းက အခုလိုပဲ ပြောဆိုသွားခဲ့ပါတယ်။

“သူ့လက်တွေကို နားရွက်မှာကပ်ပြီး အောင်ပွဲခံသွားတယ်၊ သူပြောချင်တာက ငါ့ကို ဝေဖန်နေတဲ့ပါးစပ်တွေ ပိတ်ထားလိုက်တော့ဆိုမျိုးပေါ့၊ အရမ်းရှက်ဖို့ကောင်းတဲ့အပြုအမူပါဗျာ၊

ပြီးခဲ့တဲ့ လပိုင်းမှာ ယူနိုက်တက်အတွက် သူ ကစားပေးခဲ့တဲ့ခြေစွမ်းက ဘယ်လိုမှသဘောကျစရာမရှိဘူး၊ အင်္ဂလန်မှာ ဂိုးသွင်းနိုင်ရင် ဝေဖန်နေတဲ့ ပါးစပ်တွေကို သူပိတ်ပစ်နိုင်တယ်ဆိုပြီး တွေးနေမှာပေါ့။ ရှက်စရာကောင်းလိုက်တာဗျာ၊ ကျွန်တော်သာ ကွင်းထဲမှာရှိနေရင် ဒီကောင့်ကို ထိုးပစ်မိလိမ့်မယ်” လို့ ရွိုင်ကိန်းက Sky Sports ရဲ့ အစီအစဉ် ကနေ ပြောဆိုသွားခဲ့ပါတယ်။

ထိုမှာတော့ အင်္ဂလန်က ၅-၀ နဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး အသင်းခေါင်းဆောင် ဟယ်ရီကိန်းက ဟက်ထရစ် သွင်းယူပေးခဲ့ကာ ဂျော်ဒန် ဟန်ဒါဆန်ကလည်း တစ်ဂိုး သွင်းယူပေးခဲ့ပါတယ်။

ZG

အယ္လ္ေဘးနီးယားနဲ႔ပြဲမွာ အဂၤလန္အတြက္ အဖြင့္ဂိုးသြင္းယူေပးၿပီးေနာက္ ဒူးေထာက္ေအာင္ပြဲခံကာ နား႐ြက္ႏွစ္ဖက္မွာ လက္ကပ္ျပီး နားစြန္႔ဟန္ ပြဲခံခဲ့တဲ့ ဟယ္ရီမက္ဂြိဳင္းယားရဲ႕ အျပဳအမူကို ေဝဖန္သုံးသပ္သူအျဖစ္ ေဆာင္႐ြက္ခဲ့တဲ့ ႐ြိဳင္ကိန္းက ျပစ္တင္ေျပာဆိုလိုက္ပါတယ္။

မန္ခ်က္စတာ ယူႏိုက္တက္ အသင္းေခါင္းေဆာင္ဟာ ဂိုးသြင္းၿပီးေနာက္ ေအာင္ပြဲခံခဲ့မႈဟာ သူ႔အေပၚေဝဖန္သူေတြကို ပါးစပ္ပိတ္ေနဖို႔ ရည္႐ြယ္ခဲ့တာလို႔လည္း ကိန္းက စြပ္စြဲခဲ့ပါတယ္။

ၿပီးခဲ့တဲ့ပြဲစဥ္ေတြမွာ ယူႏိုက္တက္ခံစစ္ပိုင္းအတြက္ ဆိုး႐ြားတဲ့ေျခစြမ္းေတြ၊ ေခါင္းေဆာင္မႈေတြကိုသာ ျပဳလုပ္ခဲ့တဲ့ မက္ဂြိဳင္းယားကို ႐ြိဳင္ကိန္းက အျမင္မၾကည္လင္ပဲ ရွိေနခဲ့ပါတယ္။ ဒါေၾကာင့္လည္း ေတာက္ေလွ်ာက္ ေဝဖန္ျပစ္တင္ ေနခဲ့တာျဖစ္ၿပီး မက္ဂြိဳင္းယားကလည္း ဂိုးသြင္းအၿပီးမွာ နား႐ြက္ပိတ္ေအာင္ပြဲခံခဲ့တာေၾကာင့္ ကိန္းက အခုလိုပဲ ေျပာဆိုသြားခဲ့ပါတယ္။

“သူ႔လက္ေတြကို နား႐ြက္မွာကပ္ၿပီး ေအာင္ပြဲခံသြားတယ္၊ သူေျပာခ်င္တာက ငါ့ကို ေဝဖန္ေနတဲ့ပါးစပ္ေတြ ပိတ္ထားလိုက္ေတာ့ဆိုမ်ိဳးေပါ့၊ အရမ္းရွက္ဖို႔ေကာင္းတဲ့အျပဳအမူပါဗ်ာ၊

ၿပီးခဲ့တဲ့ လပိုင္းမွာ ယူႏိုက္တက္အတြက္ သူ ကစားေပးခဲ့တဲ့ေျခစြမ္းက ဘယ္လိုမွသေဘာက်စရာမရွိဘူး၊ အဂၤလန္မွာ ဂိုးသြင္းႏိုင္ရင္ ေဝဖန္ေနတဲ့ ပါးစပ္ေတြကို သူပိတ္ပစ္ႏိုင္တယ္ဆိုၿပီး ေတြးေနမွာေပါ့။ ရွက္စရာေကာင္းလိုက္တာဗ်ာ၊ ကြၽန္ေတာ္သာ ကြင္းထဲမွာရွိေနရင္ ဒီေကာင့္ကို ထိုးပစ္မိလိမ့္မယ္” လို႔ ႐ြိဳင္ကိန္းက Sky Sports ရဲ႕ အစီအစဥ္ ကေန ေျပာဆိုသြားခဲ့ပါတယ္။

ထိုမွာေတာ့ အဂၤလန္က ၅-၀ နဲ႔ ဂိုးျပတ္အႏိုင္ရရွိခဲ့ၿပီး အသင္းေခါင္းေဆာင္ ဟယ္ရီကိန္းက ဟက္ထရစ္ သြင္းယူေပးခဲ့ကာ ေဂ်ာ္ဒန္ ဟန္ဒါဆန္ကလည္း တစ္ဂိုး သြင္းယူေပးခဲ့ပါတယ္။