ရက်ရှ်ဖို့ဒ် က ကံဆိုးရှာလွန်းလို့ မန်စီးတီး မဟုတ်ဘဲ မန်ယူမှာ ကစားနေရတာ လို့ ပြောလိုက်တဲ့ ပရီးမီးယားလိဂ် ကွင်းလယ်လူဟောင်း
မန်ယူ တိုက်စစ်မှုး မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ ဆိုးရွားတဲ့ စွမ်းဆောင်ရည်အတွက် ပရီးမီးယားလိဂ် ကွင်းလယ်ဟောင်းကြီး တင် ရှားဝုဒ်ကတော့ နည်းပြ အဲရစ် တန်ဟက်ကို ပြစ်တင်ပြောဆိုလိုက်ပါတယ်။ ရက်ဖို့ဒ်ဟာ မန်စီးတီးမှာသာ ခုနေ ကစားနေရင် အခြေအနေက ကွာခြားနေမယ် လို့ ၎င်းက မြင်ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ယခုရာသီ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၁ ဂိုးသာ သွင်းယူထားနိုင်သေးသူဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ ရာသီကို ဆိုးဆိုးရွားရွား စတင်ခဲ့မှုအတွင်းမှာ ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။

အသက် ၂၆ နှစ်အရွယ် တိုက်စစ်မှူးဟာ သောကြာနေ့ညနေက မော်လ်တာကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပွဲထွက် ပါဝင်ကစားပေးခဲ့ပေမယ့်လည်း အလက်ဇန်းဒါး-အာနိုးနဲ့ ထိခိုက်မိပြီးနောက် ပွဲကစားချိန် တစ်နာရီလောက်မှာ လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။
တင်ရှားဝုဒ်က ဂျက်ခ် ဂရီးလစ်ရော ဖိုဒန်ပါ လာမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အင်္ဂလန်ရဲ့ တိုက်စစ်နေရာအတွက် ရက်ရှ်ဖို့ဒ်ထက် ပွဲထွက်ကစားခွင့် ရရှိသင့်တယ်လို့ ခံစားနေရတာ ဖြစ်ပါတယ်။
တင် ရှားဝုဒ်က “ ရက်ရှ်ဖို့ဒ် က မန်စီးတီးမှာဆိုရင် အခုအချိန် ကမ္ဘာ့အဆင့် ကစားသမားဖြစ်လာဖို့ အရည်အချင်းအားလုံး ပိုင်ဆိုင်နေလောက်ပြီလို့ ကျွန်တော် ထင်တယ်။
ကံဆိုးစွာနဲ့ပဲ အခုကနေ ရာသီကုန်အထိ ဘာမှ အလှည့်အပြောင်းဖြစ်လာဖို့ မရှိဘူးလို့ ကျွန်တော် ထင်တယ်။ အဲဒီအတွက် တန်ဟက်ကို သူ ကျေးဇူးတင်နိုင်တယ်လို့ ကျွန်တော် ထင်တယ်။ ဘာလို့လဲဆိုတော့ သူ့ခြေစွမ်းက ကောင်းသင့်သလောက် မကောင်းမွန်ခဲ့လို့ပါ။
ယူရို ၂၀၂၄ အင်္ဂလန်အသင်းအတွက် ဆိုရင် ကျွန်တော့်အတွက်တော့ ဂရီးလစ်ရှ်က တိုက်စစ်မှာ ရှိနေရမှာပါ။ ကျွန်တော် သူနဲ့ အလုပ်လုပ်ခဲ့တယ်။ သူက ဘယ်လိုကစားသမားမျိုးလဲဆိုတာ ကျွန်တော် သိတယ်။ ဒါပေမယ့် ဖိုဒန်ကို ဒီပွဲထွက်လူစာရင်းထဲမှာ မထည့်သွင်းရင်တော့ ပြစ်မှုကျူးလွန်တာပဲ။
ဒီကစားသမား ၂ ဦးစလုံးက အသင်းထဲမှာ ရှိနေရမယ်။ ကျွန်တော်တို့ ဒီလိုမျိုး အရည်အချင်းမျိုးရှိတဲ့ ကစားသမားတွေကို တည်ပြီး အသင်းကို တည်ဆောက်ရမယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။