အရပ် ၆ ပေ ကျော်မြင့်တဲ့ အရွယ်ကောင်း စပိန် ဗဟိုခံစစ်မှုးကို မန်ယူအသင်း ချိန်နေပေမယ့် စာချုပ်ဖျက်သိမ်းကြေးက မြင့်နေ

မန်ချက်စတာ ယူနိုက်တက်ဟာ ဆိုစီဒက် ခံစစ်ကစားသမား ရော်ဘင် လီနော်မန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေထဲမှာ ပါဝင်လာကြောင်း စပိန်သတင်းတွေက ဖော်ပြလာပါတယ်။

လီနော်မန်ဟာ စာချုပ်ဖျက်သိမ်းကြေး ယူရို သန်း(၆၀) တန်ကြေး ရှိနေတဲ့သူပါ။ အသက် (၂၇)နှစ်အရွယ် ပြင်သစ်နွယ်ဖွား စပိန် ခံစစ်မှူး လီနော်မန်ဟာ ဆိုစီဒက်အသင်းရဲ့ အဓိက ခံစစ်ကစားသမားတစ်ဦးဖြစ်ပြီး ပရီးမီးယားလိဂ် ထိပ်သီး ကလပ်အသင်းတွေက အပြို င်စိတ်ဝင်စားနေကြပါတယ်။

အရပ် (၆)ပေ (၂)လက်မလောက်အထိ မြင့်မားပြီး အရပ်အမောင်းကောင်းလှတဲ့ ဒီခံစစ်မှူးကို လာမယ့် ဆောင်းဈေးကွက်ထဲ ခံစစ်ကစားသမား တစ်ဦး ဖြည့်တင်းဖို့ ရှိနေတဲ့ မန်ယူနိုက်တက်အသင်းက စိတ်ဝင်စားနေပါတယ်။

ဆိုစီဒက်အသင်းဆီ ၂၀၁၆ခုနှစ်ကတည်းက ရောက်ရှိနေပြီး ၂၀၁၉-၂၀ ဘောလုံးရာသီမှာပဲ ဆိုစီဒက်ရဲ့ ခံစစ်ပိုင်းမှာ ပုံမှန်နေရာ ရရှိလာခဲ့တဲ့ လီနော်မန်ဟာ အခုဆို ဆိုစီဒက်မှာသာမကပဲ စပိန်လက်ရွေးစင်အသင်းမှာပါ ကစားခွင့်တွေ ဆက်တိုက် ရရှိလာခဲ့ပါတယ်။

ဒါကြောင့် သူ့ကို အာဆင်နယ် လီဗာပူးလ် ယူနိုက်တက်တို့က အပြိုင် စိတ်ဝင်စားနေကြရင်း ခံစစ်ပိုင်း အားဖြည့်ဖို့ လိုအပ်နေတဲ့ ယူနိုက်တက်အသင်းက အခြားအသင်းတွေကို ကျော်လွန်ပြီး လီနော်မန်ကို ခေါ်ယူဖို့ ပိုမို လှုပ်ရှား လာခဲ့ပါတယ်။

ယူနိုက်တက်အနေနဲ့ကလည်း ဒီဆောင်းဈေးကွက်မှာ ဗဟိုခံစစ် နေရာအတွက် ကစားသမားသစ်တစ်ဦးကို ဦးစားပေး ခေါ်ယူသွားဖို့ စီစဉ်နေရာ လီနော်မန်က ယူနိုက်တက်ရဲ့ အဓိက ပစ်မှတ်တွေထဲ ပါဝင်လာနိုင်ပေမယ့် သူရဲ့ စာချုပ် ဖျက်သိမ်းကြေး အရဆိုရင်တော့ ယူနိုက်တက်အသင်းအတွက် အနည်းငယ် ခက်ခဲစေနိုင်ပါလိမ့်မယ်။