ဒီအပတ် အဲဗာတန်ကို မန်ယူက ရှုံးမှာ လို့ အခိုင်အမာကြီး ဟောကိန်းထုတ်လိုက်တဲ့ ဆရာကြီး ပေါမာဆန်
မန်ချက်စတာ ယူနိုက်တက် က ဒီတပတ် ပရီးမီးယားလိဂ် ပွဲတွေ ပြန်စတင်ချိန်မှာ အဲဗာတန် အသင်းနဲ့ တွေ့ဆုံနေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင် ကစားကြမှာပါ။ ပွဲကတော့ မနက်ဖြန် တနင်္ဂနွေနေ့ ည ၁၁ နာရီ အချိန်၊ ဂွတ်ဒီဆင်ပါ့ခ် ကွင်းမှာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
ဒီပွဲမတိုင်ခင် နိုဝင်ဘာ နိုင်ငံတကာ သီတင်းပတ် ကာလထဲမှာ အဲဗာတန် ဟာ ပရီးမီးယားလိဂ် ရဲ့ ၁ဝ မှတ် လျှော့ ပြစ်ဒဏ် ချမှတ် ခံလိုက်ရပြီး အယူခံဝင်ဖို့ ကြိုးစားနေပါတယ်။

ဂန်းနားဟောင်းကြီး ပေါမာဆန် ကတော့ အဲဗာတန်နဲ့ မန်ချက်စတာ ယူနိုက်တက် ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းလာပါတယ်။
ပေါမာဆန်ကြီးရဲ့ ပွဲကြို သုံးသပ်ချက်
ဒီတနင်္ဂနွေနေ့ ဂွတ်ဒီဆင်ပါ့ခ် ဝန်းကျင်ဟာ စိတ်ရှုပ်စရာတွေ ကောင်းနေပါလိမ့်မယ်။ အဲဗာတန်တို့ ရမှတ်လျော့ ပြစ်ဒဏ်တွေ ရင်ဆိုင်ထားရတာမို့ ပရိသတ်တွေက ဒီပွဲအတွက် အားဖြစ်နေစေပါလိမ့်မယ်။
ဒီပွဲကို အဲဗာတန်တို့ ရှုံးမယ်လို့ မမြင်ပါဘူး။ ဒီပွဲမှာ ကွင်းတစ်ခုလုံးက ပြင်းထန် ပေါက်ကွဲနေမှာပါ။
ယူနိုက်တက်က သူ့တို့အပေါ် ထင်မြင်တာတွေ မှားတယ်ဆိုတာ သက်သေပြဖို့ စိတ်ဆုံးဖြတ်ထားတဲ့ အသင်းပဲ ဖြစ်ပါတယ်။ ဒီပွဲကို အဲဗာတန်တို့ ရှုံးသွားခဲ့မယ်ဆိုရင် ကျနော်တော့ အံ့ဩမိမှာ ဖြစ်ပါတယ်။
အဲဗာတန် ကစားသမားတွေက အချင်းချင်းအတွက် တိုက်ခိုက်ပေးလိုကြပြီး သရဲနီတွေအကြောင်း ကျနော်တို့ သိပ်ပြီး များများစားစား ပြောစရာတော့ မရှိပါဘူး။ ” လို့ မာဆန် က သုံးသပ်ထားပါတယ်။
ပေါမာဆန်ရဲ့ ပွဲ ခန့်မှန်းရလဒ်
အဲဗာတန် ၂-၁ မန်ချက်စတာ ယူနိက်တက်။