တိုက်စစ်မှုးတွေ အကုန်ပေါင်းလို့ တစ်ဂိုးပဲ သွင်းထားသေးတာတောင် ယုံကြည်မှု အပြည့် ရှိတယ် လို့ တန်ဟက် ဆို
ဒီရာသီ မန်ယူအသင်းရဲ့ သွင်းဂိုးတွေ နည်းပါးနေမှုကြောင့် ဝေဖန်မှုတွေ များစွာ ရှိနေသော်လည်း မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးတွေအပေါ် ယုံကြည်မှုရှိကြောင်း အသင်းနည်းပြ အဲရစ်တန်ဟတ်က ပြောသွားပါတယ်။
မန်ယူအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ၁၂ ပွဲမှာ ၁၃ ဂိုးသာ ဂိုးရရှိထားပြီး တိုက်စစ်မှူးတွေ ဂိုးသွင်းခြေ အတော် အားနည်းနေပေမယ့် နည်းပြ တန်ဟက်က ကာကွယ်ပြောသွားခဲ့တာပါ။

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးတွေထဲမှာ ရက်ရှ်ဖို့ဒ်တစ်ဦးသာ တစ်ဂိုးသွင်းထားပြီး ဟွိုင်လန်း၊ မာစီယယ်၊ အန်တိုနီတို့က ဂိုး မရရှိသေးပါဘူး။
အသင်းရဲ့တိုက်စစ်ကစားသမားတွေက ဂိုးသွင်းနိုင်စွမ်းရှိကြသူတွေဖြစ်ပြီး ရက်ရှ်ဖို့ဒ်က မနှစ်တုန်းက ဂိုး ၃၀ သွင်းခဲ့သူ ဖြစ်ကြောင်း၊ ပိုကောင်းအောင်လုပ်ဆောင်ဖို့လိုအပ်ပေမဲ့လည်း တိုက်စစ်မှူးတွေရဲ့ ဂိုးသွင်းစွမ်းရည်အပေါ် ယုံကြည်မှု လုံးဝ ရှိကြောင်း နည်းပြတန်ဟတ်က ပြောဆိုလိုက်ပါတယ်။
မန်ယူအသင်းရဲ့ ပရီးမီးယားလိဂ် သွင်းဂိုး ၁၃ ဂိုးထဲမှာ တွန်မီနေးနဲ့ ဖာနန်ဒက်စ်တို့က ၃ ဂိုးစီသွင်းထားပြီး တခြား ၇ ဦးက တစ်ဂိုးစီ သွင်းယူထားကြတာ ဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ဒီအပတ် ပရီးမီးယားလိဂ်မှာ အဲဗာတန်နဲ့ ကန်ရမှာ ဖြစ်ပြီး အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာပါ။