ဒီည အဲဗာတန်နဲ့ ပွဲမှာ မန်ယူအသင်းကို တန်ဟက် မဟုတ်ဘဲ နောက် ကတုံး တစ်ယောက်က ပွဲကိုင် ကြီးကြပ်မှာပါ

နည်းပြ အဲရစ်တန်ဟက် ပွဲပယ် ထိပြီးနောက် လက်ထောက် နည်းပြ မစ်ချယ်ဗန်ဒါဂတ်ဟာ အဲဗာတန်နှင့်ပွဲစဉ်တွင် တန်ဟက်နေရာမှာ အစားထိုးကြီးကြပ်လာပါမယ်။

ယူနိုက်တက် နည်းပြ အဲရစ်တန်ဟက်မှာ ပွဲပယ်ခံထားရမှုကြောင့် တနင်္ဂနွေနေ့ ဂူဒီဆင်ပါ့ခ်တွင် ကစားမဲ့ ပွဲအား ကြီးကြပ် လာနိုင်မှာ မဟုတ်ပါဘူး။

ဒတ်ချ်လူမျိုးနည်းပြဟာ နိုင်ငံတကာပွဲစဉ်များမတိုင်မီ လူတန်နှင့်ပွဲတွင် တတိယမြောက် အဝါကတ်ပြသခြင်းခံရပြီးနောက် တစ်ပွဲပယ် ပြစ်ဒဏ်ချခံရပါမယ်။

ဒါကြောင့်လည်း အဲရစ်တန်ဟက်ရဲ့ လက်ထောက်နည်းပြဗန်ဒါဂတ်က အဲဗာတန်နှင့်ပွဲတွင် ကြီးကြပ်လာမှာလည်း ဖြစ်ပါတယ်။ ဗန်ဒါဂတ်ကို အဲရစ်ရမ်ဆေး၊ စတိဗ်မက္ကလာရင်၊ ဘန်နီမက္ကာသီတို့က ထောက်ပံ့ကူညီသွားပါမယ်။

ဗန်ဒါဂတ်ဟာ အေဂျက်စ်မှာကတည်းက အဲရစ်တန်ဟက်ရဲ့ လက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်လာသူ ဖြစ်ပါတယ်။ သူဟာ အဲရစ်တန်ဟက်လက်အောက်တွင် တာဝန်မထမ်းဆောင်မီ ပေါ်တူဂီ၊ ဆိုက်ပရပ်စ်၊ နယ်သာလန် တို့တွင် ကျင်လည်ခဲ့ဖူးပါတယ်။

သူဟာ ၂၀၁၃ ခုနှစ်တုန်းက ပေါ်တူဂီကလပ် Belenenses ကို ကိုင်တွယ်နေစဉ် မာရီတီမိုအား ၁-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲမှာ နှလုံးရောဂါထဖောက်ပြီး အသက်သေလုနီး ဖြစ်ခဲ့သူလည်း ဖြစ်ပါတယ်။ သူဟာ ယင်းဖြစ်ရပ်ကြောင့် နှလုံးခုန်စက် နှစ်လုံးအထိ တပ်ဆပ်ထားရပါတယ်။