အင်္ဂလန် မြေလာပြီး မန်ချက်စတာ ယူနိုက်တက် ကို ဒုက္ခတွင်းထဲ အရောက်ပို့ချင်နေတဲ့ ဘိုင်ယန်တိုက်စစ်မှုး ဟယ်ရီ ကိန်း

စပါး တိုက်စစ်မှုးဟောင်း ဖြစ်တဲ့ ဘိုင်ယန် ကစားသမား ဟယ်ရီကိန်းဟာ မန်ချက်စတာယူနိုက်တက်ကို ချန်ပီယံလိဂ်ပြိုင်ပွဲမှ ကန်ထုတ်ပြီး ဒုက္ခတွင်းနက် နက်သည်ထက် နက်အောင် ပို့ဖို့ ဆန္ဒပြင်းပြနေပါတယ်။

ဘိုင်ယန်မြူးနစ်မှာခစွမ်းပြနေတဲ့ အင်္ဂလန်အသင်းခေါင်းဆောင်ဟာ မနက်ဖြန် အင်္ဂါနေ့မှာ အိုးထရက်ဖို့ဒ်သို့ လာရောက်ပြီး ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲ ကစားရပါမယ်။

ဘိုင်ယနမြူးနစ်ဟာ စနေနေ့တုန်းက ဖရန့်ဖတ်ကို ၅-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် ယူနိုက်တက်နှင့်ပွဲတွင် အနိုင် လမ်းကြောင်းပေါ်သို့ ပြန်တက်ရန် ကြိုးပမ်းလာပါမယ်။

ယူနိုက်တက်ဟာ ဘိုင်ယန်မြူးနစ်ကို အနိုင်ရရှိရန် လိုအပ်နေပြီး ကိုပင်ဟေဂင်နှင့် ဂါလာတာစာရေးတို့ သရေကျမှသာလျှင် ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်လာမှာလည်း ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်နည်းပြသောမတ်စ်တူချယ်က “ဟုတ်တယ်။ သူ့အတွက် ရာနှုန်းပြည့်ပဲ။(ယူနိုက်တက်ကို ဒုက္ခပေးဖို့) သူက အောင်နိုင်သူ။ ချန်ပီယံတစ်ဦးပါ။ အင်္ဂလန်သို့ ပြန်ပြီး အိုးထရက်ဖို့ဒ်မှာ ကစားရတာ ကောင်းတာပေါ့။

ဟယ်ရီလည်း သဘောကျမှာပါ။ ဒီပွဲအတွက် အရမ်း စိတ်လှုပ်ရှားနေမှာ သေချာတယ်။ ဟယ်ရီက ထိပ်တန်းပရိုတစ်ဦးပါ။ ဂျာမနီမှာ ဟန်ချက်ညီအောင် နေထိုင်နိုင်တဲ့ အရမ်းတော်တဲ့သူတစ်ဦးပါ”လို့ ပြောကြားသွားပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်သို့ အုပ်စုဗိုလ်အဖြစ် တက်ရောက်ထားပြီး ဖြစ်တာကြောင့် ယူနိုက်တက်နှင့်ပွဲ ရလဒ်က အရေးမပါတော့ပါဘူး။

အဲရစ်တန်ဟက်ရဲ့ ယူနိုက်တက်ဟာ စနေနေ့တုန်းက အိုးထရက်ဖို့ဒ်ကွင်းတွင်ပင် ဘုန်းမောက်ကို ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ဘိုင်ယန်မြူးနစ်နှင့်ပွဲအပြီးမှာ အန်ဖီးလ်သို့ သွားရောက်ကာ ခါးသီးတဲ့ ပြိုင်ဘက် လီဗာပူးကို ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။